တန်ဆောင်မုန်းလနှင့် ကထိန်သင်္ကန်း လှူရခြင်းအကျိုးကျေးဇူးများ

တန်ဆောင်မုန်းလနှင့် ကထိန်သင်္ကန်း လှူရခြင်းအကျိုးကျေးဇူးများ

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဆယ့်နှစ်လရာသီပွဲတော်လများထဲတွင် တန်ဆောင်မုန်းလသည် ကထိန်သင်္ကန်း လှူဒါန်းမှုကို အဓိကထား ကုသိုလ်ပြုကြသည့် ပွဲတော်လဖြစ်ပေသည်။ ယင်းအလှူကို တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ကျောင်းမှာတစ်ခါ၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်းသာ ပြုလုပ်ကြရသည့်အတွက် ထူးမြတ်သည့်အလှူ၊ ထူးမြတ်သောလတန်ဆောင်ဟု ဆိုစမှတ်ပြုကြပါသည်။

ကထိန်အလှူပွဲကို သတ်မှတ်သည့်ကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အထိဖြစ်သည်။ မိုးအကုန်ဆောင်းအကူး၊ လေပြေမြူးကာ၊ ကောင်းကင်ယံတိမ်သလာကင်းပြီး အချိန်ကောင်း၊ အခါကောင်းနှင့် ကြုံကြရသည်ဖြစ်၍ ကထိန်အလှူတော်ပွဲသည် နှစ်စဉ်စည်ကားမြဲပင် ဖြစ်ချေသည်။

ကထိန်အလှူသင်္ကန်းနှင့်ပတ်သက်၍ မည်ရွေ့မည်မျှ အကျိုးရှိသည်ကို ဖော်ပြ၍ပင် မကုန်နိုင်ပေ။ “ဆွမ်းဆို လျှင် မြန်မှကောင်းသည်”၊ “ကျောင်းဆိုလျှင် သိမ်မှကောင်းသည်”၊ “သင်္ကန်းဆိုလျှင် ကထိန်မှကောင်းသည် ဟူ၍ ဆိုရိုးစကားပြုထားခဲ့ကြပေသည်။

တန်ဆောင်မုန်းလ

တန်ဆောင်မုန်းလကို ပုဂံကျောက်စာတို့တွင် “တန်ဆောင်မှုန်း”၊ “တန်းဆောင်မှုန်း”ဟု ရေးထိုးထားကြောင်း မှတ်သားရသည်။ ပေါရာဏသံပေါက်ကဗျာ တစ်ပုဒ်တွင်- “မိုက်မှောင်လွင်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်းခေါ်သကား၊ ဟထိုးဖောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်းသာခုထင်ရှား”ဟူ၍ ဖွဲ့ထားပါသည်။ သံပေါက်ကဗျာအရ-ရှေးအခါက ရေးသားခဲ့သော တန်ဆောင်မှုန်းကို “ဟထိုး”ဖျက်ကာ နောင်တွင် တန်ဆောင်မုန်း အမည်တွင်ခဲ့ခြင်းဖြစ်ပေည်။

တန်ဆောင်မုန်းလသည် အမိုက်အမှောင်ကို မီးရှူး တန်ဆောင်ဖြင့် ပျောက်လွင့် ချေမှုန်းသောလဟု အဆိုရှိသည်။ တန်ဆောင်= မီးရှူးတန်ဆောင်+မုန်း= ဖျောက်လွင့် ချေမှုန်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ တန်ဆောင်မုန်းဟူသော ဝေါဟာရကို ပုဒ်ခွဲကြည့်လျှင် တန်ဆောင်သည် မီးရှူး၊ မီးတိုင်၊ ဆီးမီးဟု အဓိပ္ပာယ်ရ၍ မုန်းသို့ ပြောင်းလဲသွားသည့် မှုန်းသည် ထွန်းလင်းတောက်ပစေသည်ဟု အဓိပ္ပာယ်ရသည်။ တန်ဆောင်မုန်းလဆိုသည်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသည့်လဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်ဟု ဆိုစမှတ်ပြုကြပါသည်။

ကထိန်ဟူသောဝေါဟာရ

ကထိန်ဆိုသည်မှာ “ကထိန” ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ မြဲမြံခိုင်ခံ့ခြင်းဟု အဓိပ္ပာယ်ရ၏။ ကထိန်ဟူသောစကားမှာ ပါဠိစကားမှ ပျက်လာ၍ ပြောဆိုခြင်းကိုဟော၏။ အဘယ်သို့ပြောဆိုသနည်းဟုမူ ဤသို့ လှူဒါန်းခြင်းသည် ကောင်းမြတ်ပါပေ၏ ဟု ပြောဆိုခြင်းပင်ဖြစ်သည်။

မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက သံဃာတော်အား လှူဒါန်းအပ်သော အလှူသည် များမြတ်သောအကျိုး တရားရှိပေသည်။ များမြတ်သေ ာအကျိုးတရားတို့ကို ရရှိနိုင်ပေသည်ဟူ၍ ချီးကျူးစကား မိန့်ကြားတော်မူထားခဲ့ ချေသည်။

ကထိန်ဖြစ်ပေါ်လာရသည့်အကြောင်းရင်း

ဂေါတမမြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အာရာမ်ဖြစ်သော စေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးနှင့် ညီနောင်များ ဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့ ပါဝေယျတိုင်းမှ မြတ်စွာဘုရားအား ဖူးမြော်ရန်လာသောအခါ ခရီးအကြားရှိ သာကေတမြို့၌ ဝါကပ်ကြရကုန်၏။ ဝါကျွတ်၍ ဘုရားရှင်ရှေ့မှောက်ရောက်ကြရာတွင် ခွင့်ပြုထားသည့် သင်္ကန်းသုံးထည်စလုံး စိုစိုစွတ်စွတ်နှင့်ရောက်ရှိလာကြသည့်အတွက် ရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြုပြီး ကထိန်သင်္ကန်း ခင်းလှူခြင်းကို ခွင့်ပြုတော်မူခဲ့သည့်ကာလမှ စတင်ခဲ့သည်ဟု အဆိုရှိပေသည်။

ကထိန်အလှူမြောက်ဖို့ နည်းနာနိဿယကျဖို့လို

ကထိန်သင်္ကန်းလှူဒါန်းမှုကို လှူသူနှင့် အလှူခံသူတို့၏ နှစ်ဦးနှစ်ဝ အကျိုးရှိစေဖို့ နည်းနာနိဿယကျဖို့ကား လိုပေလိမ့်မည်။ ဥပမာ- မိမိတို့ လှူဒါန်းသည့် သင်္ကန်းဖြင့် ကထိန်မခင်းပါက သာမန်သင်္ကန်းအလှူမျှသာဖြစ်ပြီး ကထိန်သင်္ကန်းမမြောက်ပေ။ အလားတူ ကထိန်အလှူ မြောက်ဖို့ ရဟန်းတော်တို့ဘက်က ကထိန်အာနိသံသကို နားလည်ထားရခြင်း၊ အင်္ဂါရှစ်ပါး၊ သင်္ကန်းသုံးထည် ကိစ္စရှစ်ပါးတို့ကိုပါ နားလည်ထားရမည်ဟု ဆိုပေသည်။ ကထိန်သင်္ကန်းလှူနိုင်သူများ ၊ လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမ၊ သိက္ခာမာန်ဟူသော မြတ်စွာဘုရားရှင်၏ အတူနေတပည့်ငါးဦးတို့ တစ်ဦးဦးဖြစ်စေ၊ ကထိန် သင်္ကန်းလှူဒါန်းနိုင်၏။ လှူဒါန်းကောင်းသည်ဟု သိရ သည်။

အချိန်သတ်မှတ်ချက်

နံနက်ပိုင်း ၈ နာရီ၊ ၉ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ၂ နာရီ၊ ညနေပိုင်း ၄ နာရီ၊ ၅ နာရီနှင့် သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းမှ လက်ခံမည်ဆိုပါက ည ၇ နာရီ၊ ၈ နာရီ၌ ကထိန်ခင်းနိုင်ကြောင်း စာပေကျမ်းဂန်တွင် ဖတ်ရှုရပါသည်။

ကထိန်ခင်းနိုင်သည့်နေရာဌာန

မိမိတို့ရွေးချယ်ထားသည့် ကျောင်းအတွင်းတွင် လည်းကောင်း၊ မိမိတို့နေအိမ်ဂေဟာ (သို့မဟုတ်) အသင်းအဖွဲ့တည်ရာရုံးဌာန အဆောက်အအုံ၊ ဓမ္မာရုံ စသည်တို့တွင်လည်းကောင်း လှူဒါန်းနိုင်သည်။

ကထိန်သင်္ကန်းအမျိုးအစား

(၁) သင်းပိုင်(ခါးဝတ်)၊ (၂) ဧကသီ(ကိုယ်ရုံ)၊ (၃) ဒုကုဋ်(နှစ်ထပ်သင်္ကန်း)၊ (၄) အိပ်ရာခင်းသင်္ကန်း၊ (၅) မျက်နှာသုတ်ပဝါသင်္ကန်း၊ (၆) ပရိက္ခရာစေဠသင်္ကန်း (လက်သုတ်၊ ရေစစ်၊ ပဝါ)၊ (၇) နိသီဒိုင်(နေကထိုင်အခင်း) (၈) မိုးရေခံသင်္ကန်း (မိုးရေချိုးသောအခါ ဝတ်ချိုးရသော သင်္ကန်း)၊ (၉) အမာလွှမ်းသင်္ကန်း (အနာပေါက်သည့် အခါ ဝတ်ချိုးရသောသင်္ကန်း) ဤသင်္ကန်းကိုးမျိုးတွင် သင်းပိုင်နှင့် ဧကသီကိုဒွိစုံဟု ခေါ်သည်။ သင်းပိုင်၊ ဧကသီ ဒုကုဋ် ဤသုံးမျိုးကို တိစီဝရိတ်(သင်္ကန်းသုံးထည်) ဟုခေါ်သည်။ ကထိန်ခင်း ခွင့်ပြုသည့် သင်္ကန်းသုံးထည်မှာ ထိုသုံးမျိုးသာတည်း။

အလှူရှင်တို့ မှတ်သားသင့်သည်မှာ ယင်းခွင့်ပြု သင်္ကန်းသုံးထည်မှ နှစ်ထည်၊ သုံးထည်မခင်းရပါ။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုလည်း ရည်ရွယ်၍ မခင်းအပ်။ သံဃိကအလှူမြောက်အောင်၊ သံဃိကအလှူစစ်စစ် ဖြစ်အောင် သံဃာတော်တို့ကိုသာ ရည်စူးလှူဒါန်းရသည်။

ကထိန်ခင်းရမည့် ရဟန်းအင်္ဂါရှစ်ပါး

(၁) ကထိန်ခင်းရာ၌ ရှေးဦးစွာ ပြုလုပ်ရမည့် ကိစ္စအရပ်ရပ်ကို သိနားလည်ခြင်း၊

(၂) ပစ္စဒ္ဓိရ်ပြုလုပ်တတ်ရခြင်း၊

(၃) အဓိဋ္ဌာန်တင်ရခြင်း၊

(၄) ခင်းပုံခင်းနည်းကို သိရှိနားလည်ထားရခြင်း၊

(၅) မာတိကာသိရှိနားလည်ထားရခြင်း၊

(၆) ကြောင့်ကြမှုကိုသိရှိနားလည်ထားရခြင်း၊

(၇) ကထိန်နုတ်ပုံကိုသိရှိနားလည်ထားရခြင်း၊

(၈) အာနိသင်ကိုလည်း သိရှိနားလည်ထားရခြင်း တို့ ဖြစ်ပေသည်။

ကထိန်ခင်းရန်ကိစ္စရှစ်ပါး

(၁) ကထိန်သင်္ကန်းအလှူခံမှု၊

(၂) ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊

(၃) ရွေးချယ်ခံရသူအား သိမ်အတွင်း၌ ကထိန်သင်္ကန်းကိုပေးမှု၊

(၄) တိစီဝရိတ်အဓိဋ္ဌာန်တင်ပြီးသော သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိရ်ပြုရန်အဓိဋ္ဌာန်စွန့်မှု၊

(၅) ခင်းရမည်ဖြစ်သော ကထိန်သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊

(၆) သင်္ကန်း၏အမည်ဖြင့် အဓိဋ္ဌာန်တင်မှု၊

(၇) နှုတ်မြွက်၍ခင်းမှု၊

(၈) ဝမ်းမြောက်ကြောင်း အနုမောဒနာပြုမှုတို့သည် ရဟန်းဘက်က တာဝန်များပင် ဖြစ်ပေသည်။

ကထိန်လျာသင်္ကန်း

ကထိန်ခင်းရာတွင် ကထိန်ခင်းမည့်ကျောင်းတိုက်ရှိ မည်သည့်ရဟန်းသံဃာတို့၏ ဆန္ဒတိုက်တွန်းချက်တို့ မပါဘဲ စေတနာရှင်များ၏ ဆန္ဒအလျောက် လှူဒါန်းသော သင်္ကန်းကိုသာ ကထိန်ခင်းရမည်ဖြစ်သည်။ ထိုသို့ ကထိန်ခင်းရန် လျာထားသောသင်္ကန်းကို ကထိန်လျာသင်္ကန်းဟု ခေါ်သည်။

ကထိန်ခင်းရန်အတွက် လှူဒါန်းသော သင်္ကန်းကို ကထိန်ခင်းရာတွင် ကမ္မဝါစာဖတ်ပြီး ရွတ်ဖတ်ပူဇော်ရသဖြင့် တစ်နည်းကမ္မဝါဖြင့် ဉတ်ရသောကြောင့် ထိုသင်္ကန်းကို “ဉတ်မကြီး” သို့မဟုတ် “ဉတ်သင်္ကန်း”ဟု ခေါ်ဆိုကြောင်း မှတ်သားရပါသည်။

ကထိန်ခင်းရာတွင် အဆိုပါ ဉတ်သင်္ကန်းကြီးကို ပုဂ္ဂိုလ်တစ်ဦးဦးအား ရည်စူး၍မလှူဘဲ သံဃာကိုသာ သံဃဿဒေမဟု ရည်မှန်း၍ လှူဒါန်းရသည်။ ကထိန်ခင်းမည့် သင်္ကန်းကို သီးခြားသတ်မှတ်ထားခြင်းမရှိဘဲ နှစ်ထပ်သင်္ကန်းကြီးကေသီနှင့် သင်းပိုင်တို့မှ မိမိကြိုက်နှစ်သက်ရာကို ကထိန်သင်္ကန်းအဖြစ် သတ်မှတ်လှူဒါန်းနိုင်ပါသည်။ ကထိန်ခင်းရာတွင် အလှူခံရရှိအပ်သော သင်္ကန်း ကို နေ့မကူးစေဘဲ ကထိန်ခင်းရမည်ဖြစ်ကြောင်း ဆရာတော်ကြီးတို့၏ မိန့်ကြားချက်အရ သိရသည်။

ရဟန်းတော်တို့ရအပ်သောကထိန်အာနိသင်ငါးပါး

(၁) ရဟန်းတို့အား မပန်ကြားဘဲ ခရီးလှည့်လည်သွားလာနိုင်ခြင်း၊

(၂) အဓိဋ္ဌာန်တင်ထားသောသင်္ကန်းကို မဆောင်ဘဲသွားနိုင်ခြင်း၊

(၃) မအပ်သောပင့်ဖိတ်ခြင်းဖြင့် ရသောဆွမ်းကို သုံးဆောင်နိုင်ခြင်း၊

(၄) ရသမျှသောသင်္ကန်းတို့ကို အဓိဋ္ဌာန်တင်သုံးဆောင်နိုင်ခြင်း၊

(၅) ကထိန်ခင်းရာကျောင်းတိုက်၌ ပေါ်ပေါက်သောသင်္ကန်းများကို သုံးဆောင်နိုင်ခြင်း စသည်တို့ဖြစ်ကြပါသည်။

ကထိန်သင်္ကန်းလှူဒါန်းသော ဒကာ၊ ဒကာမများ ရအပ်သော အကျိုးအာနိသင်ငါးပါး

(၁) မိမိလိုရာအရပ်ဘက်သို့ လွတ်လပ်စွာသွားလာနိုင်ခြင်း၊

(၂) နိဗ္ဗာန်မရမီဘဝများတွင် ကိစ္စအဝဝကို အနှောင့်အယှက်ကင်းစွာ ဆောင်ရွက်နိုင်ခြင်း၊

(၃) အစားအစာ ပစ္စည်းဥစ္စာ စည်းစိမ်တို့ကို ပေါများစွာ ပိုင်ဆိုင်သုံးဆောင်နိုင်ခြင်း၊

(၄) အစာရေစာပေါများ၍ ဘေးအန္တရာယ် (အဆိပ်အတောက်)ကင်းစွာ သုံးဆောင်နိုင်ခြင်း၊

(၅) ရန်သူမျိုးငါးပါးမှ ကင်းဝေးရခြင်း စသည်တို့ ဖြစ်ပါသည်။

ဤသို့ဆိုလျှင် ကထိန်အလှူသည် လွယ်လင့်တကူ ခင်းယူ၍မရသကဲ့သို့ ထူးခြားသည့် သတ်မှတ်ချက်တို့ဖြင့် စည်းစနစ်ကျနမှုကို အခြေခံ၍ လှူဒါန်းကြရသောကုသိုလ်ကောင်းမှု အလှူပင်ဖြစ်ပေသည်။ သို့မှသာ ကထိန် အလှူသည် ထင်ရှားပြီး အလေးအနက်ထားကြရသည့် အလှူတော်မင်္ဂလာဖြစ်လာပေမည်။

သင်္ကန်းလှူရကျိုးရှစ်ဝ

ကျမ်းဂန်များတွင်- “သင်္ကန်းလှူရ၊ ကျိုးရှစ်တွင်၊ ရွှေသို့အဆင်း၊ မြူကြေးကင်း၍၊ ရောင်လင်းစုံ၊ ထွန်းလင်းပ၏။ မကသိန်းဖိုး၊ ပုဆိုးရလေ၊ ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊ ကျမ်းညီသင်္ကန်း၊ လှူကျိုးတည်း”ဟု လင်္ကာဖြင့် စပ်ဆိုဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ကထိန်သင်္ကန်း လှူဒါန်းသူတိုင်း ကထိန်ဒါနပြုပုံ မှန်ကန်ဖို့နှင့် အချိန်ကာလနှင့်ညီညွတ်စွာ ဆောင်ရွက် တတ်ဖို့လည်း လိုအပ်ပါသည်။ ။

ဤသို့သောထူးခြားသည့် သင်္ကန်းလှူရကျိုးရှစ် နှင့် ကျမ်းညီသင်္ကန်းလှူကျိုးမြောက်အောင်၊ ဗုဒ္ဓဘာသာ ဝင်တိုင်း စည်းစနစ်ကျနစွာ လက်မလွှတ်တမ်း ကြိုးစားအားထုတ်လှူဒါန်းနိုင်ကြပါစေ။ သဒ္ဓါကြည်လင် ပါရမီရှင်များအနေဖြင့်လည်း ကထိန်သင်္ကန်း လှူဒါန်းရခြင်းအကျိုး သိရှိနားလည် လှူဒါန်းနိုင်ကြစေရန် ရည်သန်၍ ဤဆောင်းပါးဖြင့် ကုသိုလ်ပြု ရေးသားမျှဝေလိုက်ရပါသည်။

Credit to မောင်မောင်ကျော့ (ပလက်ဝ)

Zawgyi

တန္ေဆာင္မုန္းလႏွင့္ ကထိန္သကၤန္း လႉရျခင္းအက်ိဳးေက်းဇူးမ်ား

ျမန္မာတို႔၏ ႐ိုးရာယဥ္ေက်းမႈ ဆယ့္ႏွစ္လရာသီပြဲေတာ္လမ်ားထဲတြင္ တန္ေဆာင္မုန္းလသည္ ကထိန္သကၤန္း လႉဒါန္းမႈကို အဓိကထား ကုသိုလ္ျပဳၾကသည့္ ပြဲေတာ္လျဖစ္ေပသည္။ ယင္းအလႉကို တစ္ႏွစ္လွ်င္ တစ္ႀကိမ္၊ တစ္ေက်ာင္းမွာတစ္ခါ၊ သတ္မွတ္ထားသည့္ အခ်ိန္ကာလအတြင္းသာ ျပဳလုပ္ၾကရသည့္အတြက္ ထူးျမတ္သည့္အလႉ၊ ထူးျမတ္ေသာလတန္ေဆာင္ဟု ဆိုစမွတ္ျပဳၾကပါသည္။

ကထိန္အလႉပြဲကို သတ္မွတ္သည့္ကာလမွာ သီတင္းကြၽတ္လျပည့္ေက်ာ္ ၁ ရက္မွ တန္ေဆာင္မုန္း လျပည့္ေန႔အထိျဖစ္သည္။ မိုးအကုန္ေဆာင္းအကူး၊ ေလေျပျမဴးကာ၊ ေကာင္းကင္ယံတိမ္သလာကင္းၿပီး အခ်ိန္ေကာင္း၊ အခါေကာင္းႏွင့္ ႀကဳံၾကရသည္ျဖစ္၍ ကထိန္အလႉေတာ္ပြဲသည္ ႏွစ္စဥ္စည္ကားၿမဲပင္ ျဖစ္ေခ်သည္။

ကထိန္အလႉသကၤန္းႏွင့္ပတ္သက္၍ မည္ေ႐ြ႕မည္မွ် အက်ိဳးရွိသည္ကို ေဖာ္ျပ၍ပင္ မကုန္ႏိုင္ေပ။ “ဆြမ္းဆို လွ်င္ ျမန္မွေကာင္းသည္”၊ “ေက်ာင္းဆိုလွ်င္ သိမ္မွေကာင္းသည္”၊ “သကၤန္းဆိုလွ်င္ ကထိန္မွေကာင္းသည္ ဟူ၍ ဆို႐ိုးစကားျပဳထားခဲ့ၾကေပသည္။

တန္ေဆာင္မုန္းလ

တန္ေဆာင္မုန္းလကို ပုဂံေက်ာက္စာတို႔တြင္ “တန္ေဆာင္မႈန္း”၊ “တန္းေဆာင္မႈန္း”ဟု ေရးထိုးထားေၾကာင္း မွတ္သားရသည္။ ေပါရာဏသံေပါက္ကဗ်ာ တစ္ပုဒ္တြင္- “မိုက္ေမွာင္လြင္ျပဳန္း၊ တန္ေဆာင္မုန္း၊ ေဆာင္မႈန္းေခၚသကား၊ ဟထိုးေဖာက္ကာ၊ ေျပာင္းေ႐ႊ႕လာ၊ မုန္းသာခုထင္ရွား”ဟူ၍ ဖြဲ႕ထားပါသည္။ သံေပါက္ကဗ်ာအရ-ေရွးအခါက ေရးသားခဲ့ေသာ တန္ေဆာင္မႈန္းကို “ဟထိုး”ဖ်က္ကာ ေနာင္တြင္ တန္ေဆာင္မုန္း အမည္တြင္ခဲ့ျခင္းျဖစ္ေပည္။

တန္ေဆာင္မုန္းလသည္ အမိုက္အေမွာင္ကို မီးရႉး တန္ေဆာင္ျဖင့္ ေပ်ာက္လြင့္ ေခ်မႈန္းေသာလဟု အဆိုရွိသည္။ တန္ေဆာင္= မီးရႉးတန္ေဆာင္+မုန္း= ေဖ်ာက္လြင့္ ေခ်မႈန္းျခင္းဟု အဓိပၸာယ္ဖြင့္ဆိုထားပါသည္။ တန္ေဆာင္မုန္းဟူေသာ ေဝါဟာရကို ပုဒ္ခြဲၾကည့္လွ်င္ တန္ေဆာင္သည္ မီးရႉး၊ မီးတိုင္၊ ဆီးမီးဟု အဓိပၸာယ္ရ၍ မုန္းသို႔ ေျပာင္းလဲသြားသည့္ မႈန္းသည္ ထြန္းလင္းေတာက္ပေစသည္ဟု အဓိပၸာယ္ရသည္။ တန္ေဆာင္မုန္းလဆိုသည္မွာ မီးရႉး၊ မီးတိုင္၊ ဆီမီးတို႔ကို ထြန္းလင္းေတာက္ပေစသည့္လဟု အဓိပၸာယ္ဖြင့္ဆိုထားပါသည္။ ထို႔ေၾကာင့္ ဆီမီးၿမိဳင္ၿမိဳင္ လတန္ေဆာင္တိုင္ဟု ဆိုစမွတ္ျပဳၾကပါသည္။

ကထိန္ဟူေသာေဝါဟာရ

ကထိန္ဆိုသည္မွာ “ကထိန” ဟူေသာ ပါဠိပုဒ္မွ ဆင္းသက္လာျခင္းျဖစ္သည္။ ၿမဲၿမံခိုင္ခံ့ျခင္းဟု အဓိပၸာယ္ရ၏။ ကထိန္ဟူေသာစကားမွာ ပါဠိစကားမွ ပ်က္လာ၍ ေျပာဆိုျခင္းကိုေဟာ၏။ အဘယ္သို႔ေျပာဆိုသနည္းဟုမူ ဤသို႔ လႉဒါန္းျခင္းသည္ ေကာင္းျမတ္ပါေပ၏ ဟု ေျပာဆိုျခင္းပင္ျဖစ္သည္။

ျမတ္စြာဘုရားကိုယ္ေတာ္ျမတ္ႀကီးက သံဃာေတာ္အား လႉဒါန္းအပ္ေသာ အလႉသည္ မ်ားျမတ္ေသာအက်ိဳး တရားရွိေပသည္။ မ်ားျမတ္ေသ ာအက်ိဳးတရားတို႔ကို ရရွိႏိုင္ေပသည္ဟူ၍ ခ်ီးက်ဴးစကား မိန႔္ၾကားေတာ္မူထားခဲ့ ေခ်သည္။

ကထိန္ျဖစ္ေပၚလာရသည့္အေၾကာင္းရင္း

ေဂါတမျမတ္စြာဘုရား သာဝတၳိျပည္ အနာထပိဏ္ သူေဌး၏ အာရာမ္ျဖစ္ေသာ ေစတဝန္ေက်ာင္းေတာ္၌ သီတင္းသုံးေတာ္မူစဥ္ ေကာသလမင္းႀကီးႏွင့္ ညီေနာင္မ်ား ျဖစ္ၾကေသာ ဘဒၵဝဂၢီညီေနာင္သုံးက်ိပ္တို႔ ပါေဝယ်တိုင္းမွ ျမတ္စြာဘုရားအား ဖူးေျမာ္ရန္လာေသာအခါ ခရီးအၾကားရွိ သာေကတၿမိဳ႕၌ ဝါကပ္ၾကရကုန္၏။ ဝါကြၽတ္၍ ဘုရားရွင္ေရွ႕ေမွာက္ေရာက္ၾကရာတြင္ ခြင့္ျပဳထားသည့္ သကၤန္းသုံးထည္စလုံး စိုစိုစြတ္စြတ္ႏွင့္ေရာက္ရွိလာၾကသည့္အတြက္ ရဟန္းတို႔၏ ပင္ပန္းဆင္းရဲမႈကို အေၾကာင္းျပဳၿပီး ကထိန္သကၤန္း ခင္းလႉျခင္းကို ခြင့္ျပဳေတာ္မူခဲ့သည့္ကာလမွ စတင္ခဲ့သည္ဟု အဆိုရွိေပသည္။

ကထိန္အလႉေျမာက္ဖို႔ နည္းနာနိႆယက်ဖို႔လို

ကထိန္သကၤန္းလႉဒါန္းမႈကို လႉသူႏွင့္ အလႉခံသူတို႔၏ ႏွစ္ဦးႏွစ္ဝ အက်ိဳးရွိေစဖို႔ နည္းနာနိႆယက်ဖို႔ကား လိုေပလိမ့္မည္။ ဥပမာ- မိမိတို႔ လႉဒါန္းသည့္ သကၤန္းျဖင့္ ကထိန္မခင္းပါက သာမန္သကၤန္းအလႉမွ်သာျဖစ္ၿပီး ကထိန္သကၤန္းမေျမာက္ေပ။ အလားတူ ကထိန္အလႉ ေျမာက္ဖို႔ ရဟန္းေတာ္တို႔ဘက္က ကထိန္အာနိသံသကို နားလည္ထားရျခင္း၊ အဂၤါရွစ္ပါး၊ သကၤန္းသုံးထည္ ကိစၥရွစ္ပါးတို႔ကိုပါ နားလည္ထားရမည္ဟု ဆိုေပသည္။ ကထိန္သကၤန္းလႉႏိုင္သူမ်ား ၊ လူျဖစ္ေစ၊ နတ္ျဖစ္ေစ၊ ရဟန္း၊ ရဟန္းမ၊ သာမေဏ၊ သာမေဏမ၊ သိကၡာမာန္ဟူေသာ ျမတ္စြာဘုရားရွင္၏ အတူေနတပည့္ငါးဦးတို႔ တစ္ဦးဦးျဖစ္ေစ၊ ကထိန္ သကၤန္းလႉဒါန္းႏိုင္၏။ လႉဒါန္းေကာင္းသည္ဟု သိရ သည္။

အခ်ိန္သတ္မွတ္ခ်က္

နံနက္ပိုင္း ၈ နာရီ၊ ၉ နာရီ၊ မြန္းလြဲ ၁ နာရီ၊ ၂ နာရီ၊ ညေနပိုင္း ၄ နာရီ၊ ၅ နာရီႏွင့္ သက္ဆိုင္ရာ ဘုန္းေတာ္ႀကီးေက်ာင္းမွ လက္ခံမည္ဆိုပါက ည ၇ နာရီ၊ ၈ နာရီ၌ ကထိန္ခင္းႏိုင္ေၾကာင္း စာေပက်မ္းဂန္တြင္ ဖတ္ရႈရပါသည္။

ကထိန္ခင္းႏိုင္သည့္ေနရာဌာန

မိမိတို႔ေ႐ြးခ်ယ္ထားသည့္ ေက်ာင္းအတြင္းတြင္ လည္းေကာင္း၊ မိမိတို႔ေနအိမ္ေဂဟာ (သို႔မဟုတ္) အသင္းအဖြဲ႕တည္ရာ႐ုံးဌာန အေဆာက္အအုံ၊ ဓမၼာ႐ုံ စသည္တို႔တြင္လည္းေကာင္း လႉဒါန္းႏိုင္သည္။

ကထိန္သကၤန္းအမ်ိဳးအစား

(၁) သင္းပိုင္(ခါးဝတ္)၊ (၂) ဧကသီ(ကိုယ္႐ုံ)၊ (၃) ဒုကုဋ္(ႏွစ္ထပ္သကၤန္း)၊ (၄) အိပ္ရာခင္းသကၤန္း၊ (၅) မ်က္ႏွာသုတ္ပဝါသကၤန္း၊ (၆) ပရိကၡရာေစဠသကၤန္း (လက္သုတ္၊ ေရစစ္၊ ပဝါ)၊ (၇) နိသီဒိုင္(ေနကထိုင္အခင္း) (၈) မိုးေရခံသကၤန္း (မိုးေရခ်ိဳးေသာအခါ ဝတ္ခ်ိဳးရေသာ သကၤန္း)၊ (၉) အမာလႊမ္းသကၤန္း (အနာေပါက္သည့္ အခါ ဝတ္ခ်ိဳးရေသာသကၤန္း) ဤသကၤန္းကိုးမ်ိဳးတြင္ သင္းပိုင္ႏွင့္ ဧကသီကိုဒြိစုံဟု ေခၚသည္။ သင္းပိုင္၊ ဧကသီ ဒုကုဋ္ ဤသုံးမ်ိဳးကို တိစီဝရိတ္(သကၤန္းသုံးထည္) ဟုေခၚသည္။ ကထိန္ခင္း ခြင့္ျပဳသည့္ သကၤန္းသုံးထည္မွာ ထိုသုံးမ်ိဳးသာတည္း။

အလႉရွင္တို႔ မွတ္သားသင့္သည္မွာ ယင္းခြင့္ျပဳ သကၤန္းသုံးထည္မွ ႏွစ္ထည္၊ သုံးထည္မခင္းရပါ။ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ကိုလည္း ရည္႐ြယ္၍ မခင္းအပ္။ သံဃိကအလႉေျမာက္ေအာင္၊ သံဃိကအလႉစစ္စစ္ ျဖစ္ေအာင္ သံဃာေတာ္တို႔ကိုသာ ရည္စူးလႉဒါန္းရသည္။

ကထိန္ခင္းရမည့္ ရဟန္းအဂၤါရွစ္ပါး

(၁) ကထိန္ခင္းရာ၌ ေရွးဦးစြာ ျပဳလုပ္ရမည့္ ကိစၥအရပ္ရပ္ကို သိနားလည္ျခင္း၊

(၂) ပစၥဒၶိရ္ျပဳလုပ္တတ္ရျခင္း၊

(၃) အဓိ႒ာန္တင္ရျခင္း၊

(၄) ခင္းပုံခင္းနည္းကို သိရွိနားလည္ထားရျခင္း၊

(၅) မာတိကာသိရွိနားလည္ထားရျခင္း၊

(၆) ေၾကာင့္ၾကမႈကိုသိရွိနားလည္ထားရျခင္း၊

(၇) ကထိန္ႏုတ္ပုံကိုသိရွိနားလည္ထားရျခင္း၊

(၈) အာနိသင္ကိုလည္း သိရွိနားလည္ထားရျခင္း တို႔ ျဖစ္ေပသည္။

ကထိန္ခင္းရန္ကိစၥရွစ္ပါး

(၁) ကထိန္သကၤန္းအလႉခံမႈ၊

(၂) ကထိန္ခံထိုက္ေသာပုဂၢိဳလ္ကို သံဃာေတာ္တို႔က စိစစ္ေ႐ြးခ်ယ္ေပးမႈ၊

(၃) ေ႐ြးခ်ယ္ခံရသူအား သိမ္အတြင္း၌ ကထိန္သကၤန္းကိုေပးမႈ၊

(၄) တိစီဝရိတ္အဓိ႒ာန္တင္ၿပီးေသာ သကၤန္းေဟာင္းကို ပစၥဳဒၶိရ္ျပဳရန္အဓိ႒ာန္စြန႔္မႈ၊

(၅) ခင္းရမည္ျဖစ္ေသာ ကထိန္သကၤန္းသစ္ကို ကပၸဗိႏၵဳထိုးမႈ၊

(၆) သကၤန္း၏အမည္ျဖင့္ အဓိ႒ာန္တင္မႈ၊

(၇) ႏႈတ္ႁမြက္၍ခင္းမႈ၊

(၈) ဝမ္းေျမာက္ေၾကာင္း အႏုေမာဒနာျပဳမႈတို႔သည္ ရဟန္းဘက္က တာဝန္မ်ားပင္ ျဖစ္ေပသည္။

ကထိန္လ်ာသကၤန္း

ကထိန္ခင္းရာတြင္ ကထိန္ခင္းမည့္ေက်ာင္းတိုက္ရွိ မည္သည့္ရဟန္းသံဃာတို႔၏ ဆႏၵတိုက္တြန္းခ်က္တို႔ မပါဘဲ ေစတနာရွင္မ်ား၏ ဆႏၵအေလ်ာက္ လႉဒါန္းေသာ သကၤန္းကိုသာ ကထိန္ခင္းရမည္ျဖစ္သည္။ ထိုသို႔ ကထိန္ခင္းရန္ လ်ာထားေသာသကၤန္းကို ကထိန္လ်ာသကၤန္းဟု ေခၚသည္။

ကထိန္ခင္းရန္အတြက္ လႉဒါန္းေသာ သကၤန္းကို ကထိန္ခင္းရာတြင္ ကမၼဝါစာဖတ္ၿပီး ႐ြတ္ဖတ္ပူေဇာ္ရသျဖင့္ တစ္နည္းကမၼဝါျဖင့္ ဉတ္ရေသာေၾကာင့္ ထိုသကၤန္းကို “ဉတ္မႀကီး” သို႔မဟုတ္ “ဉတ္သကၤန္း”ဟု ေခၚဆိုေၾကာင္း မွတ္သားရပါသည္။

ကထိန္ခင္းရာတြင္ အဆိုပါ ဉတ္သကၤန္းႀကီးကို ပုဂၢိဳလ္တစ္ဦးဦးအား ရည္စူး၍မလႉဘဲ သံဃာကိုသာ သံဃႆေဒမဟု ရည္မွန္း၍ လႉဒါန္းရသည္။ ကထိန္ခင္းမည့္ သကၤန္းကို သီးျခားသတ္မွတ္ထားျခင္းမရွိဘဲ ႏွစ္ထပ္သကၤန္းႀကီးေကသီႏွင့္ သင္းပိုင္တို႔မွ မိမိႀကိဳက္ႏွစ္သက္ရာကို ကထိန္သကၤန္းအျဖစ္ သတ္မွတ္လႉဒါန္းႏိုင္ပါသည္။ ကထိန္ခင္းရာတြင္ အလႉခံရရွိအပ္ေသာ သကၤန္း ကို ေန႔မကူးေစဘဲ ကထိန္ခင္းရမည္ျဖစ္ေၾကာင္း ဆရာေတာ္ႀကီးတို႔၏ မိန႔္ၾကားခ်က္အရ သိရသည္။

ရဟန္းေတာ္တို႔ရအပ္ေသာကထိန္အာနိသင္ငါးပါး

(၁) ရဟန္းတို႔အား မပန္ၾကားဘဲ ခရီးလွည့္လည္သြားလာႏိုင္ျခင္း၊

(၂) အဓိ႒ာန္တင္ထားေသာသကၤန္းကို မေဆာင္ဘဲသြားႏိုင္ျခင္း၊

(၃) မအပ္ေသာပင့္ဖိတ္ျခင္းျဖင့္ ရေသာဆြမ္းကို သုံးေဆာင္ႏိုင္ျခင္း၊

(၄) ရသမွ်ေသာသကၤန္းတို႔ကို အဓိ႒ာန္တင္သုံးေဆာင္ႏိုင္ျခင္း၊

(၅) ကထိန္ခင္းရာေက်ာင္းတိုက္၌ ေပၚေပါက္ေသာသကၤန္းမ်ားကို သုံးေဆာင္ႏိုင္ျခင္း စသည္တို႔ျဖစ္ၾကပါသည္။

ကထိန္သကၤန္းလႉဒါန္းေသာ ဒကာ၊ ဒကာမမ်ား ရအပ္ေသာ အက်ိဳးအာနိသင္ငါးပါး

(၁) မိမိလိုရာအရပ္ဘက္သို႔ လြတ္လပ္စြာသြားလာႏိုင္ျခင္း၊

(၂) နိဗၺာန္မရမီဘဝမ်ားတြင္ ကိစၥအဝဝကို အေႏွာင့္အယွက္ကင္းစြာ ေဆာင္႐ြက္ႏိုင္ျခင္း၊

(၃) အစားအစာ ပစၥည္းဥစၥာ စည္းစိမ္တို႔ကို ေပါမ်ားစြာ ပိုင္ဆိုင္သုံးေဆာင္ႏိုင္ျခင္း၊

(၄) အစာေရစာေပါမ်ား၍ ေဘးအႏၲရာယ္ (အဆိပ္အေတာက္)ကင္းစြာ သုံးေဆာင္ႏိုင္ျခင္း၊

(၅) ရန္သူမ်ိဳးငါးပါးမွ ကင္းေဝးရျခင္း စသည္တို႔ ျဖစ္ပါသည္။

ဤသို႔ဆိုလွ်င္ ကထိန္အလႉသည္ လြယ္လင့္တကူ ခင္းယူ၍မရသကဲ့သို႔ ထူးျခားသည့္ သတ္မွတ္ခ်က္တို႔ျဖင့္ စည္းစနစ္က်နမႈကို အေျခခံ၍ လႉဒါန္းၾကရေသာကုသိုလ္ေကာင္းမႈ အလႉပင္ျဖစ္ေပသည္။ သို႔မွသာ ကထိန္ အလႉသည္ ထင္ရွားၿပီး အေလးအနက္ထားၾကရသည့္ အလႉေတာ္မဂၤလာျဖစ္လာေပမည္။

သကၤန္းလႉရက်ိဳးရွစ္ဝ

က်မ္းဂန္မ်ားတြင္- “သကၤန္းလႉရ၊ က်ိဳးရွစ္တြင္၊ ေ႐ႊသို႔အဆင္း၊ ျမဴေၾကးကင္း၍၊ ေရာင္လင္းစုံ၊ ထြန္းလင္းပ၏။ မကသိန္းဖိုး၊ ပုဆိုးရေလ၊ ညိဳေ႐ႊျဖဴနီ၊ ဤရွစ္လီသည္၊ က်မ္းညီသကၤန္း၊ လႉက်ိဳးတည္း”ဟု လကၤာျဖင့္ စပ္ဆိုေဖာ္ျပထားသည္ကိုလည္း ေတြ႕ရသည္။

ကထိန္သကၤန္း လႉဒါန္းသူတိုင္း ကထိန္ဒါနျပဳပုံ မွန္ကန္ဖို႔ႏွင့္ အခ်ိန္ကာလႏွင့္ညီၫြတ္စြာ ေဆာင္႐ြက္ တတ္ဖို႔လည္း လိုအပ္ပါသည္။ ။

ဤသို႔ေသာထူးျခားသည့္ သကၤန္းလႉရက်ိဳးရွစ္ ႏွင့္ က်မ္းညီသကၤန္းလႉက်ိဳးေျမာက္ေအာင္၊ ဗုဒၶဘာသာ ဝင္တိုင္း စည္းစနစ္က်နစြာ လက္မလႊတ္တမ္း ႀကိဳးစားအားထုတ္လႉဒါန္းႏိုင္ၾကပါေစ။ သဒၶါၾကည္လင္ ပါရမီရွင္မ်ားအေနျဖင့္လည္း ကထိန္သကၤန္း လႉဒါန္းရျခင္းအက်ိဳး သိရွိနားလည္ လႉဒါန္းႏိုင္ၾကေစရန္ ရည္သန္၍ ဤေဆာင္းပါးျဖင့္ ကုသိုလ္ျပဳ ေရးသားမွ်ေဝလိုက္ရပါသည္။

Credit to ေမာင္ေမာင္ေက်ာ့ (ပလက္ဝ)