ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ ထူးချွန်စွာအောင်မြင်ခဲ့သလို တိုင်းပြည်အတွက်လည်း ရဲရဲဝံ့ဝံ့နဲ့ အသက်စွန့်သွားခဲ့တဲ့ ချင်းတိုင်းရင်းသားလေး

ခွဲလုံသာတိုက်ပွဲမှာရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းလေးလိန်းလိန်း ကျဆုံးခဲ့တာ ဒီနေ့ဆိုရင်တစ်လပြည့်ခဲ့ပါပြီ။ ထွက်သွားတဲ့သူကထွက်သွားပေမယ့် ကျန်ရစ်ခဲ့တဲ့သူတွေကတော့ သတိရခြင်းတွေတပွေ့တပိုက်နဲ့ပါ။

သေသောသူကြာရင်မေ့ဆိုတဲ့ စကားဟာ ဒီမိုကရေစီတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက်တော့ မမှန်နိုင်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒတွေကိုဖော်ဆောင်ပေးဖို့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ပေးခဲ့သူတိုင်းဟာ အကြိမ်ကြိမ် ဦးညွှတ်ခံထိုက်သူတွေပါ။

လိန်းလိန်းရဲ့ တစ်လပြည့်တဲ့နေ့မှာ ” တစ်လပြည့်သွားပါပြီ…😢ပျော်ပျော်ရွှင်ရွှင်နေလာခဲ့တဲ့ ပုံရိပ်တွေကိုမြင်ယောင်နေဆဲ အရာအားလုံးက မနေ့တစ်နေ့ကလိုပဲညီ 😔 မင်းရဲ့ ရဲရင့်မှုတွေ ငါတို့ချီကျူးလို့ ဆုံးမကုန်နိုင်ဘူး ” ဆိုပြီး ခင်မင်ရသူတစ်ယောက်က သတိတရဝေမျှလာခဲ့ပါတယ်။

ကျဆုံးသွားတဲ့ချင်းတိုင်းရင်းသားလေးလိန်းလိန်းဟာ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်သလို ဘောလုံးအားကစားမှာလည်း ပါရမီပါသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒီလိုလူတော်လူကောင်းတွေ တဖြုတ်ဖြုတ်ကြွေနေရတာ ပြည်သူတစ်ရပ်လုံးရဲ့ရင်တွေလည်း နာရပါတယ်။

ကျဆုံးရဲဘော်တွေအတွက်မချိတင်ကဲဖြစ်ရတဲ့အကြောင်းကို ” ပထမဆုံးအသက်ပေးလှူသွားခဲ့တဲ့ CDF ရဲဘော်လေးဟာ မြန်မာ့လက်ရွေးစင်မြှားပစ်အားကစားသမားဆိုတာ လူသိနည်းပါတယ် ခွဲလုံသာ တိုက်ပွဲမှာကျသွားခဲ့တဲ့လိန်လိန်းကလဲ ဂုဏ်ထူးတွေနဲ့ (၁၀) တန်းအောင်ခါစ ကျောင်းသားလေး၊ ချင်းပြည်အတွက် နိုင်ငံအတွက်အားကိုးလာရမယ့် အကောင်းဆုံး ဘောလုံးသမားလေးပါ အများကြီးပါပဲ

ကျဆုံးသွားတဲ့ရဲဘော်တွေက သူ့နေရာရာနဲ့သူ တန်ဖိုးရှိတဲ့လူတွေချည်းပဲ မတန်လိုက်တာ ညီလေးတို့ရာ 😢😢 ” ဆိုပြီး CDF ခေါင်းဆောင်တစ်ဦးက ရင်တွင်းစကားပြောလာခဲ့ပါတယ်။ ကောင်းရာဘုံဘဝကို ရောက်ရှိပြီး စစ်ဘေးကင်းတဲ့နိုင်ငံမှာ အေးချမ်းပျော်ရွှင်ပါစေလို့ ကျဆုံးသူရဲကောင်းတိုင်းအတွက် ဆုတောင်းပါတယ်။

———–

ခြဲလုံသာတိုက္ပြဲမွာ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ပြဲဝင္ရင္း က်ဆုံးသြားခဲ့တဲ့ သူရဲေကာင္းေလးလိန္းလိန္း က်ဆုံးခဲ့တာ ဒီေန႔ဆိုရင္တစ္လျပည့္ခဲ့ပါၿပီ။ ထြက္သြားတဲ့သူကထြက္သြားေပမယ့္ က်န္ရစ္ခဲ့တဲ့သူေတြကေတာ့ သတိရျခင္းေတြတေပြ႕တပိုက္နဲ႔ပါ။

ေသေသာသူၾကာရင္ေမ့ဆိုတဲ့ စကားဟာ ဒီမိုကေရစီတိုက္ပြဲမွာ အသက္ေပးခဲ့ရတဲ့ ျပည္သူ႔သူရဲေကာင္းေတြအတြက္ေတာ့ မမွန္ႏိုင္ပါဘူး။ ျပည္သူတစ္ရပ္လုံးရဲ႕ ဆႏၵေတြကိုေဖာ္ေဆာင္ေပးဖို႔ အသက္နဲ႔ရင္းၿပီး တိုက္ပြဲဝင္ေပးခဲ့သူတိုင္းဟာ အႀကိမ္ႀကိမ္ ဦးၫႊတ္ခံထိုက္သူေတြပါ။

လိန္းလိန္းရဲ႕ တစ္လျပည့္တဲ့ေန႔မွာ ” တစ္လျပည့္သြားပါၿပီ…😢ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနလာခဲ့တဲ့ ပုံရိပ္ေတြကိုျမင္ေယာင္ေနဆဲ အရာအားလုံးက မေန႔တစ္ေန႔ကလိုပဲညီ 😔 မင္းရဲ႕ ရဲရင့္မႈေတြ ငါတို႔ခ်ီက်ဴးလို႔ ဆုံးမကုန္ႏိုင္ဘူး ” ဆိုၿပီး ခင္မင္ရသူတစ္ေယာက္က သတိတရေဝမွ်လာခဲ့ပါတယ္။

က်ဆုံးသြားတဲ့ခ်င္းတိုင္းရင္းသားေလးလိန္းလိန္းဟာ ဆယ္တန္းစာေမးပြဲကို ဂုဏ္ထူးေတြနဲ႔ ထူးခြၽန္စြာ ေအာင္ျမင္ခဲ့သူျဖစ္သလို ေဘာလုံးအားကစားမွာလည္း ပါရမီပါသူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ဒီလိုလူေတာ္လူေကာင္းေတြ တျဖဳတ္ျဖဳတ္ေႂကြေနရတာ ျပည္သူတစ္ရပ္လုံးရဲ႕ရင္ေတြလည္း နာရပါတယ္။

က်ဆုံးရဲေဘာ္ေတြအတြက္မခ်ိတင္ကဲျဖစ္ရတဲ့အေၾကာင္းကို ” ပထမဆုံးအသက္ေပးလႉသြားခဲ့တဲ့ CDF ရဲေဘာ္ေလးဟာ ျမန္မာ့လက္ေ႐ြးစင္ျမႇားပစ္အားကစားသမားဆိုတာ လူသိနည္းပါတယ္ ခြဲလုံသာ တိုက္ပြဲမွာက်သြားခဲ့တဲ့လိန္လိန္းကလဲ ဂုဏ္ထူးေတြနဲ႔ (၁၀) တန္းေအာင္ခါစ ေက်ာင္းသားေလး၊ ခ်င္းျပည္အတြက္ ႏိုင္ငံအတြက္အားကိုးလာရမယ့္ အေကာင္းဆုံး ေဘာလုံးသမားေလးပါ အမ်ားႀကီးပါပဲ

က်ဆုံးသြားတဲ့ရဲေဘာ္ေတြက သူ႔ေနရာရာနဲ႔သူ တန္ဖိုးရွိတဲ့လူေတြခ်ည္းပဲ မတန္လိုက္တာ ညီေလးတို႔ရာ 😢😢 ” ဆိုၿပီး CDF ေခါင္းေဆာင္တစ္ဦးက ရင္တြင္းစကားေျပာလာခဲ့ပါတယ္။ ေကာင္းရာဘုံဘဝကို ေရာက္ရွိၿပီး စစ္ေဘးကင္းတဲ့ႏိုင္ငံမွာ ေအးခ်မ္းေပ်ာ္႐ႊင္ပါေစလို႔ က်ဆုံးသူရဲေကာင္းတိုင္းအတြက္ ဆုေတာင္းပါတယ္။

Crd : D Aung Htang’s FB Acc