ရခိုင်ပြည်နယ်တွင် မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား “ရဋ္ဌနန္ဒက”ဟု ကင်ပွန်းတပ်

ရခိုင်ပြည်နယ်တွင် မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား “ရဋ္ဌနန္ဒက”ဟု ကင်ပွန်းတပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဇူလိုင်လ ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင်မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား “ရဋ္ဌနန္ဒက”ဟု ကင်ပွန်းတပ်လိုက်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်က နေပြည်တော်သို့ရောက်ရှိခဲ့သည့် အဆိုပါရတနာ ဆင်ဖြူတော်လေးအား ယနေ့ အောက်တိုဘာလ ၃၀ ရက်တွင်နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်အတွင်း နာမည်ပေး ကင်ပွန်းတပ်မင်္ဂလာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဆင်ဖြူတော်ငယ်မှာ ဒဿမမြောက် ရတနာဆင်ဖြူတော်ငယ်ဖြစ်ပြီး “ရဋ္ဌ နန္ဒက” ဆိုသည်မှာ (ရဋ္ဌ = တိုင်းပြည်၊ နိုင်ငံ။ နန္ဒက = ချစ်ခင်မြတ်နိုးသည်) ( မြန်မာအဓိပ္ပါယ်အပြည့်အစုံမှာ – တိုင်းပြည်က ချစ်ခင်မြတ်နိုးသည့် ဆင်ဖြူရတနာ) ဟု အဓိပ္ပါယ်ရကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ဆင်ဖြူတော်ငယ်မှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိကြောင်း၊ ရတနာဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊

အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်ကြောင်း၊ အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၃ လ ၇ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၁၀ လက်မ၊

ကိုယ်လုံးလုံးပတ် ၄ ပေ ၂ လက်မ၊ ကိုယ်အလေးချိန် ၂၆၅ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ အောက်တိုဘာလ ၂၇ တွင်ရောက်ရှိခဲ့ပြီး ယခုအခါ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။

မူရင်းရေးသားသူအားလေးစားစွာ Credit ပေးပါသည် ပြန်လည်မျှဝေခြင်းသာ

Zawgyi

ရခိုင္ျပည္နယ္တြင္ ေမြးဖြားခဲ့သည့္ ရတနာဆင္ျဖဴေတာ္ေလးအား “ရ႒နႏၵက”ဟု ကင္ပြန္းတပ္

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ျမန္မာ့သစ္လုပ္ငန္းဆင္ဝိုင္းမွ ဆင္မဇာနန္းလွ၊ အသက္ ၃၃ ႏွစ္က ဇူလိုင္လ ၂၃ ရက္ နံနက္ ၆ နာရီခြဲအခ်ိန္တြင္ေမြးဖြားခဲ့သည့္ ရတနာဆင္ျဖဴေတာ္ေလးအား “ရ႒နႏၵက”ဟု ကင္ပြန္းတပ္လိုက္ေၾကာင္း သိရသည္။

ေအာက္တိုဘာလ ၂၇ ရက္က ေနျပည္ေတာ္သို႔ေရာက္ရွိခဲ့သည့္ အဆိုပါရတနာ ဆင္ျဖဴေတာ္ေလးအား ယေန႔ ေအာက္တိုဘာလ ၃၀ ရက္တြင္ေနျပည္ေတာ္၊ ဥပၸါတသႏၲိေစတီေတာ္ အေရွ႕ဘက္ ဝတၳကံေျမအတြင္းရွိ ရတနာဆင္ျဖဴေတာ္ေဆာင္အတြင္း နာမည္ေပး ကင္ပြန္းတပ္မဂၤလာ ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းဆင္ျဖဴေတာ္ငယ္မွာ ဒႆမေျမာက္ ရတနာဆင္ျဖဴေတာ္ငယ္ျဖစ္ၿပီး “ရ႒ နႏၵက” ဆိုသည္မွာ (ရ႒ = တိုင္းျပည္၊ ႏိုင္ငံ။ နႏၵက = ခ်စ္ခင္ျမတ္ႏိုးသည္) ( ျမန္မာအဓိပၸါယ္အျပည့္အစုံမွာ – တိုင္းျပည္က ခ်စ္ခင္ျမတ္ႏိုးသည့္ ဆင္ျဖဴရတနာ) ဟု အဓိပၸါယ္ရေၾကာင္းလည္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အဆိုပါ ဆင္ျဖဴေတာ္ငယ္မွာ ေမြးဖြားစတြင္ အရပ္အျမင့္ ၂ ေပ ၅ လက္မ၊ ကိုယ္လုံး လုံးပတ္ ၃ ေပ ၁ လက္မ၊ ကိုယ္အေလးခ်ိန္ ေပါင္ ၁၈၀ ခန႔္ရွိေၾကာင္း၊ ရတနာဆင္ျဖဴေတာ္ကေလးသည္ ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာ ၈ ခ်က္အနက္ မ်က္လုံးပုလဲေရာင္ျဖစ္ျခင္း၊ ေက်ာကုန္းမွာ ငွက္ေပ်ာကိုင္းသ႑ာန္ျဖစ္ျခင္း၊ အေမႊးအျဖဴေရာင္ျဖစ္ျခင္း၊ အၿမီးတံခါးပိတ္ျဖစ္ျခင္း၊ အေရျပားမွာ ဩဇာကြက္ျဖစ္ျခင္း၊

အသားအေရ ပန္းေရာင္ျဖစ္ျခင္း၊ ေျခဖဝါးတြင္ ေရွ႕ေျခသည္း ၅ ခုစီႏွင့္ ေနာက္ေျခသည္း ၄ ခုစီ ပါရွိျခင္း၊ နားႀကီးျခင္း စသည့္ ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာ ၇ ခ်က္ ကိုက္ညီေသာ ဆင္ျဖဴေတာ္ကေလး ျဖစ္ေၾကာင္း၊ အထက္ပါ ဆင္ျဖဴေတာ္ကေလးမွာ ယခုအသက္ ၃ လ ၇ ရက္သားတြင္ အရပ္အျမင့္ ၂ ေပ ၁၀ လက္မ၊

ကိုယ္လုံးလုံးပတ္ ၄ ေပ ၂ လက္မ၊ ကိုယ္အေလးခ်ိန္ ၂၆၅ ေပါင္ရွိလာၿပီး မိခင္ဆင္မႀကီးႏွင့္အတူ ေနျပည္ေတာ္သို႔ ေအာက္တိုဘာလ ၂၇ တြင္ေရာက္ရွိခဲ့ၿပီး ယခုအခါ ေနျပည္ေတာ္၊ ဥပၸါတသႏၲိေစတီေတာ္ ဝတၳဳကံေျမအတြင္းရွိ ရတနာဆင္ျဖဴေတာ္ေဆာင္တြင္ ေနထိုင္လ်က္ရွိေၾကာင္းလည္း သိရသည္။

မူရင္းေရးသားသူအားေလးစားစြာ Credit ေပးပါသည္ ျပန္လည္မွ်ေဝျခင္းသာ