မော်တော်ကားနဲ့မော်တော် ဆိုင်ကယ်တွေ တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda)ဆိုတာ… (ကောင်းလွန်းလို့ ဖတ်ကြည့်စေချင်တယ်)

မော်တော်ကားနဲ့မော်တော် ဆိုင်ကယ်တွေ တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda)ဆိုတာ…


မော်တော်ကားနဲ့မော်တော် ဆိုင်ကယ်တွေ တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda)ဆိုတာ ကြားဖူးကြမှာပါ။ ဟွန်းဒါး ကုမ္ပဏီကို စတင်တည်ထောင်သူက ဂျပန်လူမျိုး ” ဟွန်းဒါးပါ ” နာမည် အပြည့်အစုံက ” Soichiro_Honda “(ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။

ဟွန်းဒါးကို အနောက်နိုင်ငံကသတင်းစာ မဂ္ဂဇင်းတွေမှာ အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ ဘယ်တော့မှ အရှုံးမပေးတဲ့ လူလို့ ချီးကျူး ရေးသားကြပါတယ်။

ဘာဖြစ်လို့ ဂျပန်လူမျိုးတယောက်ကို အနောက်နိုင်ငံတွေက ချီးမွန်းနေရတာလဲဆိုတာ… လေ့လာကြည့်ကြ ရအောင်။

၁၉၃၈ခုနှစ်မှာ .အသက်၂၁နှစ် အရွယ် လူငယ်လေး ဟွန်းဒါးဟာ မော်တော်ကား အင်ဂျင်မှာသုံးတဲ့. ပစ္စတင်ကွင်း (Piston_Ring )လေးတွေကို သူ့ရဲ့ကားပြင်တဲ့ အလုပ်ရုံမှာ စမ်းသပ်ထုတ်လုပ်တယ်။

အောင်မြင်ရင် တိုယိုတာမော်တော်ကားကုမ္ပဏီကြီးကို သူ့ပစ္စည်းတွေ သွင်းမယ်ပေါ့။ အလုပ်ရုံထဲမှာ တစ်ယောက်ထဲ နေ့ရောညရော တကုပ်ကုပ်နဲ့ကြိုးစား ပမ်းစားလုပ်တယ်။

ပိုက်ဆံမလောက်လို့ သူ့မိန်းမရဲ့ လက်ဝတ်လက်စားတွေ ရောင်းချပြီး ဆက်လုပ်တယ်။
နောက်ဆုံးအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ။ ပစ္စည်းနမူနာအချို့ကို ယူပြီး တိုယိုတာ ကုမ္ပဏီကိုသွားပြတယ်။

သူ့ပစ္စတင်ကွင်းတွေဟာ စမ်းသပ်ရင်း တချို့ကျိုးကုန်လို့ Quality အရည်အသွေး မမှီဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ သူစိတ်ပျက်လက်လျှော့ သွားပြီလား…

သူဟာ သတ္တုကျိုစပ်နည်း ကိုကောင်းကောင်း မသိလို့ဖြစ်မှာပဲ ဆိုပြီး…အင်ဂျင်နီယာကျောင်း သွားတက်တယ်။ ကျောင်းက အင်ဂျင်နီယာတွေက သူ့ရဲ့ ပစ္စတင်ကွင်းကို ကြည့်ပြီးဝိုင်းဟားကြတယ်။

သူရှက်ပြီး. စိတ်ပျက်သွားပြီလား….


၂ နှစ်ကြာအောင် သူ့ရဲ ပစ္စတင်ကွင်းတွေကို ဆက်လုပ်တယ်။ နောက်ဆုံး အောင်မြင်သွားလို့ …တိုယိုတာ ကုမ္ပဏီက လက်ခံပြီး ပစ္စည်းတွေသွင်းဖို့ ကန်ထရိုက် စာချုပ်ချုပ်လိုက်တယ်။

အခု ဟွန်ဒါးဟာ ပစ္စည်းထုတ်လုပ်ဖို့ စက်ရုံတခုဆောက်ဖို့ လိုလာပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒုတိယက မ္ဘာစစ်ကြီးစတင်တော့မှာမို့ ဂျပန်စစ်တပ်က ဘိလပ်မြေတွေ အကုန် သိမ်းထားတယ်။

ဟွန်းဒါးဟာ ဘိလပ်မြေကို ဘယ်မှာမှ ဝယ်လို့မရတော့ဘူး။ ဟွန်းဒါး စိတ်ပျက် သွားပြီလား… သူဟာ ရတဲ့ ပစ္စည်းနဲ့ ဘိလပ်မြေ ထုတ်လုပ်နည်းကို တီထွင် လိုက်တယ်။

သူကိုယ်တိုင် ထုတ်တဲ့ ဘိလပ်မြေနဲ့ စက်ရုံကိုကွန်ကရစ်လောင်းပြီး အပြီးတည်ဆောက် လိုက်တယ်။ စက်ရုံဆောက်တာ ပြီးသွားပြီ။ ပစ္စတင်ကွင်းတွေ စထုတ်တော့မယ်။

ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်နေတုံးမို့ … သူ့စက်ရုံဟာ အမေရိကန်စစ်လေယဉ်တွေ့ရဲ့ ဗုံးကြဲချခြင်းကို ၂ ကြိမ်တိုင်တိုင် ခံလိုက်ရတယ်။ စက်ရုံဟာ အတော်ပျက်စီးသွားတယ်။ ပိုဆိုးတာက ပစ္စတင်ကွင်းလုပ်ဖို့ သံထည် ပစ္စည်းတွေ ရှာမရတော့ဘူး။

ဂျပန်စစ်တပ်က သံပစ္စည်းတွေ အကုန်သိမ်းထားလိုက်ပြီ။ သူစိတ်ဓါတ်ကျပြီး လက်လျှော့ လိုက်ပြီလား… သူဟာ အမေရိကန် စစ်လေယဉ်တွေက ပစ်ချလိုက်တဲ့ ဓါတ်ဆီပုံး အလွတ်တွေကို ကောက်ထားတဲ့ သူတွေ ဆီကနေလိုက်ဝယ်တယ်။

အဲဒါတွေနဲ့ ဓါတ်ဆီပုံးခွံတွေကို သံရည်ကြိုချက်ပြီး ပစ္စတင်ကွင်း စတင်ထုတ်လုပ်တယ်။ သိပ်မကြာခင်မှာပဲ မြေငလျင်လှုပ်လို့ သူစက်ရုံပြိုကျပျက်စီးသွားတယ်။ ငါ ဒီလောက်တောင် ကံဆိုးလှချည်လားကွာ ဆိုပြီး. စိတ်ဓါတ်ကျအရှုံးပေး လိုက်ပြီလား…

၁၉၄၅ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားပြီ။ အဲဒီအချိန်မှာ ဓါတ်ဆီ အရမ်းရှားသွားလို့ ဂျပန်လူမျိုူတွေဟာ ကုန်းကြောင်းလျှောက်ရင်လျှောက် မဟုတ်ရင် စက်ဘီးစီးပြီး သွားလာနေရတယ်။

ဟွန်းဒါးက ဓါတ်ဆီအစား သက်သာတဲ့ အင်ဂျင်အသေးလေး တစ်လုံးကို ကိုယ်တိုင်ထုတ်လုပ်ပြီး သူ့စက်ဘီးမှာ တပ်ကာ တစ်နေရာနဲ့တစ်နေရာကို သွားလာတယ်။ အိမ်နီးချင်းတွေက သဘောကျပြီး သူတို့ကိုအဲဒီလို အင်ဂျင်အသေးလေး တပ်ထားတဲ့ စက်ဘီးတွေလုပ်ပြီး ရောင်းပေးဖို့ပြောကြတယ်။

သူလဲ အဲဒီစက်ဘီးလေး (နောက်တော့.ဆိုက်ကယ်လို့ခေါ်တယ်)တွေရောင်းပေးတယ်။ တဖြည်းဖြည်းနဲ့ လူသိများလာပြီ အော်ဒါတွေ မှာကြတယ်။ အင်ဂျင်လုပ်ဖို့ သံထည် ရှားပါးတာရယ် … သူ့မှာငွေကြေး မလောက်တာရယ်ကြောင့်

ဆိုင်ကယ်လေးတွေ ထပ်မထုတ်နိုင်တော့ဘူး။ ပစ္စည်းအော်ဒါမှာ သူတွေကို ပစ္စည်းမထုတ်နိုင်တော့ ကြောင်း တောင်းပန်ရတယ်။

သူစိတ်ပျက်သွားပြီလား…
ဟွန်းဒါးဟာ စက်ဘီးဆိုင်ပေါင်း (၁၈,၀၀၀)က ဆိုင်ပိုင်ရှင်တွေဆီကို စာပို့လိုက်ပါတယ်။
စာထဲမှာ ဒုတိယ ကမ္ဘာစစ်ရှုံးသွားတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ကောင်းလာဖို့ …
သူကြိုးစားနေတာမို့ သူ့ကိုကူညီပြီး အစုငွေထည့်ဝင်ကြဖို့ရေးထားပါတယ်။

ဆိုင်ရှင်ပေါင်း (၅,၀၀၀)ဆီက စာပြန်လာတယ်။ သူ့ကို ကူညီမယ်ပေါ့။ သူ့ဆီမှာ အစုငွေထည့်မယ်ပေါ့။ အစုငွေတွေနဲ့ အသေးစား အင်ဂျင်တပ် ဆိုင်ကယ်လေးတွေ ထုတ်တယ်။ ရောင်းရလွန်းလို့.. SuperCub စူပါကပ် ဆိုင်ကယ်ဆိုပြီး နာမည်ကျော်သွားတယ်။

စူပါကပ်တွေကို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အမြောက်အများ တင်ပို့နေရတယ်။ ၁၉၇၀ခုနှစ်မှာ တစ်ကမ္ဘာလုံးရေနံ ရှားပါးသွားတယ်။

အကွက်မြင်တဲ့ ဟွန်းဒါးဟာ သူ့ဟွန်းဒါး ကားကုမ္ပဏီကနေ ဆီစားသက်သာတဲ့ ကားသေးသေးလေးတွေ စတင်ထုတ်လုပ်ပြီး အနောက်နိုင်ငံတွေကို တင်ပို့တော့တယ်။

အနောက်နိုင်ငံတွေကလဲ ဆီစားသက်သာပြီး ဒီဇိုင်းလှလှလေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ဟွန်းဒါးကားလေးတွေကို ကြိုက်ကြလွန်းလို့ အလုအယက်မှာကြတယ် ဝယ်ကြတယ်။

ယနေ့… ဟွန်းဒါးမော်တော်ကားကုမ္ပဏီကြီဟာ ဂျပန်နိုင်ငံသာမကပဲ အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာပါ ကားထုတ်လုပ်တဲ့ စက်ရုံပေါင်း များစွာထောင်ပြီး အဲဒီစက်ရုံတွေမှာ အလုပ်သမား သိန်းချီလုပ်ကိုင် နေကြပါတယ်။

မိတ်ဆွေတို့ လုပ်ငန်းတခုခုလုပ်တာ မအောင်မြင်လို့. လက်မြောက်အရှုံးပေးချင်လာရင် ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ ” ဆိုချီယိုဟွန်းဒါး “ကို သတိရ လိုက်ကြပါ။

ဟွန်းဒါးရဲ့ မှတ်သားစရာစကား တခုကတော့ … “အာင်မြင်မှုတစ်ခုမှာ ရှုံးနိမ့်မှု့က ၉၉ ရာခိုင်နူန်းပါတယ်”တဲ့။ ဆိုချီယိုဟွန်းဒါးဟာ အသက်၈၅နှစ် အရွယ် ” ၁၉၉၁ခုနှစ် သြဂုတ်လ ၅ရက်နေ့မှာ” ကွယ်လွန်သွားခဲ့တယ်။

မေတ္တာဖြင့် ပြန်လည် မျှဝေပါသည်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

ေမာ္ေတာ္ကားနဲ ႔ေမာ္ေတာ္ ဆိုင္ကယ္ေတြ တစ္ကမာၻလံုးကို တင္ပို႔ေနတဲ့ ဟြန္းဒါး(Honda)ဆိုတာ…
ေမာ္ေတာ္ကားနဲ ႔ေမာ္ေတာ္ ဆိုင္ကယ္ေတြ တစ္ကမာၻလံုးကို တင္ပို႔ေနတဲ့ ဟြန္းဒါး(Honda)ဆိုတာ ၾကားဖူးၾကမွာပါ။ ဟြန္းဒါး ကုမၸဏီကို စတင္တည္ေထာင္သူက ဂ်ပန္လူမိ်ဳး ” ဟြန္းဒါးပါ ” နာမည္ အျပည့္အစံုက ” Soichiro_Honda “(ဆိုခ်ီယို ဟြန္းဒါး )ျဖစ္ပါတယ္။

ဟြန္းဒါးကို အေနာက္ႏိုင္ငံကသတင္းစာ မဂၢဇင္းေတြမွာ အခက္အခဲနဲ႔ ဘယ္ေလာက္ၾကံဳၾကံဳ ဘယ္ေတာ့မွ အရွံုးမေပးတဲ့ လူလို႔ ခ်ီးက်ဴး ေရးသားၾကပါတယ္။

ဘာျဖစ္လို႔ ဂ်ပန္လူမိ်ဳးတေယာက္ကို အေနာက္ႏိုင္ငံေတြက ခ်ီးမြန္းေနရတာလဲဆိုတာ… ေလ့လာၾကည့္ၾက ရေအာင္။

၁၉၃၈ခုႏွစ္မွာ .အသက္၂၁ႏွစ္ အရြယ္ လူငယ္ေလး ဟြန္းဒါးဟာ ေမာ္ေတာ္ကား အင္ဂ်င္မွာသံုးတဲ့. ပစၥတင္ကြင္း (Piston_Ring )ေလးေတြကို သူ႔ရဲ႕ကားျပင္တဲ့ အလုပ္ရံုမွာ စမ္းသပ္ထုတ္လုပ္တယ္။

ေအာင္ျမင္ရင္ တိုယိုတာေမာ္ေတာ္ကားကုမၸဏီျကီးကို သူ႔ပစၥည္းေတြ သြင္းမယ္ေပါ့။ အလုပ္ရံုထဲမွာ တစ္ေယာက္ထဲ ေန႔ေရာညေရာ တကုပ္ကုပ္နဲ႔ႀကိဳးစား ပမ္းစားလုပ္တယ္။

ပိုက္ဆံမေလာက္လို႔ သူ႔မိန္းမရဲ႕ လက္ဝတ္လက္စားေတြ ေရာင္းခ်ၿပီး ဆက္လုပ္တယ္။
ေနာက္ဆံုးေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ခဲ့ၿပီ။ ပစၥည္းနမူနာအခ်ိဳ႕ကို ယူၿပီး တိုယိုတာ ကုမၸဏီကိုသြားျပတယ္။

သူ႔ပစၥတင္ကြင္းေတြဟာ စမ္းသပ္ရင္း တခ်ိဳ႕က်ိဳးကုန္လို႔ Quality အရည္အေသြး မမွီဘူးဆိုၿပီး ပယ္ခ်လိုက္ပါတယ္။ သူစိတ္ပ်က္လက္ေလွ်ာ့ သြားၿပီလား…

သူဟာ သတၱဳကိ်ဳစပ္နည္း ကိုေကာင္းေကာင္း မသိလို႔ျဖစ္မွာပဲ ဆိုၿပီး…အင္ဂ်င္နီယာေက်ာင္း သြားတက္တယ္။ ေက်ာင္းက အင္ဂ်င္နီယာေတြက သူ႔ရဲ႕ ပစၥတင္ကြင္းကို ၾကည့္ၿပီးဝိုင္းဟားၾကတယ္။

သူရွက္ၿပီး. စိတ္ပ်က္သြားၿပီလား….
၂ ႏွစ္ၾကာေအာင္ သူ႔ရဲ ပစၥတင္ကြင္းေတြကို ဆက္လုပ္တယ္။ ေနာက္ဆံုး ေအာင္ျမင္သြားလို႔ …တိုယိုတာ ကုမၸဏီက လက္ခံၿပီး ပစၥည္းေတြသြင္းဖို႔ ကန္ထ႐ိုက္ စာခ်ဳပ္ခ်ဳပ္လိုက္တယ္။

အခု ဟြန္ဒါးဟာ ပစၥည္းထုတ္လုပ္ဖို႔ စက္ရံုတခုေဆာက္ဖို႔ လိုလာၿပီ။ ဒါေပမဲ့ အဲဒီအခိ်န္မွာ ဒုတိယက မာၻစစ္ႀကီးစတင္ေတာ့မွာမို႔ ဂ်ပန္စစ္တပ္က ဘိလပ္ေျမေတြ အကုန္ သိမ္းထားတယ္။

ဟြန္းဒါးဟာ ဘိလပ္ေျမကို ဘယ္မွာမွ ဝယ္လို႔မရေတာ့ဘူး။ ဟြန္းဒါး စိတ္ပ်က္ သြားၿပီလား… သူဟာ ရတဲ့ ပစၥည္းနဲ႔ ဘိလပ္ေျမ ထုတ္လုပ္နည္းကို တီထြင္ လိုက္တယ္။

သူကိုယ္တိုင္ ထုတ္တဲ့ ဘိလပ္ေျမနဲ႔ စက္ရံုကိုကြန္ကရစ္ေလာင္းၿပီး အၿပီးတည္ေဆာက္ လိုက္တယ္။ စက္ရံုေဆာက္တာ ၿပီးသြားၿပီ။ ပစၥတင္ကြင္းေတြ စထုတ္ေတာ့မယ္။

ဒုတိယ ကမာၻစစ္ႀကီးျဖစ္ေနတံုးမို႔ … သူ႔စက္ရံုဟာ အေမရိကန္စစ္ေလယဥ္ေတြ႕ရဲ႕ ဗံုးႀကဲခ်ျခင္းကို ၂ ႀကိမ္တိုင္တိုင္ ခံလိုက္ရတယ္။ စက္ရံုဟာ အေတာ္ပ်က္စီးသြားတယ္။ ပိုဆိုးတာက ပစၥတင္ကြင္းလုပ္ဖို႔ သံထည္ ပစၥည္းေတြ ရွာမရေတာ့ဘူး။

ဂ်ပန္စစ္တပ္က သံပစၥည္းေတြ အကုန္သိမ္းထားလိုက္ၿပီ။ သူစိတ္ဓါတ္က်ၿပီး လက္ေလွ်ာ့ လိုက္ၿပီလား… သူဟာ အေမရိကန္ စစ္ေလယဥ္ေတြက ပစ္ခ်လိုက္တဲ့ ဓါတ္ဆီပံုး အလြတ္ေတြကို ေကာက္ထားတဲ့ သူေတြ ဆီကေနလိုက္ဝယ္တယ္။

အဲဒါေတြနဲ႔ ဓါတ္ဆီပံုးခြံေတြကို သံရည္ႀကိဳခ်က္ၿပီး ပစၥတင္ကြင္း စတင္ထုတ္လုပ္တယ္။ သိပ္မၾကာခင္မွာပဲ ေျမငလ်င္လႈပ္လို႔ သူစက္ရံုၿပိဳက်ပ်က္စီးသြားတယ္။ ငါ ဒီေလာက္ေတာင္ ကံဆိုးလွခ်ည္လားကြာ ဆိုၿပီး. စိတ္ဓါတ္က်အရႈံးေပး လိုက္ၿပီလား…

၁၉၄၅ခုႏွစ္ ဒုတိယ ကမာၻစစ္ႀကီးၿပီးသြားၿပီ။ အဲဒီအခ်ိန္မွာ ဓါတ္ဆီ အရမ္းရွားသြားလို႔ ဂ်ပန္လူမိ်ဳူေတြဟာ ကုန္းေၾကာင္းေလွ်ာက္ရင္ေလွ်ာက္ မဟုတ္ရင္ စက္ဘီးစီးၿပီး သြားလာေနရတယ္။

ဟြန္းဒါးက ဓါတ္ဆီအစား သက္သာတဲ့ အင္ဂ်င္အေသးေလး တစ္လံုးကို ကိုယ္တိုင္ထုတ္လုပ္ၿပီး သူ႔စက္ဘီးမွာ တပ္ကာ တစ္ေနရာနဲ႔တစ္ေနရာကို သြားလာတယ္။ အိမ္နီးခ်င္းေတြက သေဘာက်ၿပီး သူတို႔ကိုအဲဒီလို အင္ဂ်င္အေသးေလး တပ္ထားတဲ့ စက္ဘီးေတြလုပ္ၿပီး ေရာင္းေပးဖို႔ေျပာၾကတယ္။

သူလဲ အဲဒီစက္ဘီးေလး (ေနာက္ေတာ့.ဆိုက္ကယ္လို႔ေခၚတယ္)ေတြေရာင္းေပးတယ္။ တျဖည္းျဖည္းနဲ႔ လူသိမ်ားလာၿပီ ေအာ္ဒါေတြ မွာၾကတယ္။ အင္ဂ်င္လုပ္ဖို႔ သံထည္ ရွားပါးတာရယ္ … သူ႔မွာေငြေၾကး မေလာက္တာရယ္ေၾကာင့္

ဆိုင္ကယ္ေလးေတြ ထပ္မထုတ္ႏိုင္ေတာ့ဘူး။ ပစၥည္းေအာ္ဒါမွာ သူေတြကို ပစၥည္းမထုတ္ႏိုင္ေတာ့ ေၾကာင္း ေတာင္းပန္ရတယ္။

သူစိတ္ပ်က္သြားၿပီလား…
ဟြန္းဒါးဟာ စက္ဘီးဆိုင္ေပါင္း (၁၈,၀၀၀)က ဆိုင္ပိုင္ရွင္ေတြဆီကို စာပို႔လိုက္ပါတယ္။
စာထဲမွာ ဒုတိယ ကမာၻစစ္ရႈံးသြားတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ စီးပြားေရး ျပန္လည္ေကာင္းလာဖို႔ …
သူႀကိဳးစားေနတာမို႔ သူ႔ကိုကူညီၿပီး အစုေငြထည့္ဝင္ၾကဖို႔ ႔ေရးထားပါတယ္။

ဆိုင္ရွင္ေပါင္း (၅,၀၀၀)ဆီက စာျပန္လာတယ္။ သူ႔ကို ကူညီမယ္ေပါ့။ သူ႔ဆီမွာ အစုေငြထည့္မယ္ေပါ့။ အစုေငြေတြနဲ႔ အေသးစား အင္ဂ်င္တပ္ ဆိုင္ကယ္ေလးေတြ ထုတ္တယ္။ ေရာင္းရလြန္းလို႔.. SuperCub စူပါကပ္ ဆိုင္ကယ္ဆိုၿပီး နာမည္ေက်ာ္သြားတယ္။

စူပါကပ္ေတြကို အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြကို အေျမာက္အမ်ား တင္ပို႔ေနရတယ္။ ၁၉၇၀ခုႏွစ္မွာ တစ္ကမာၻလံုးေရနံ ရွားပါးသြားတယ္။

အကြက္ျမင္တဲ့ ဟြန္းဒါးဟာ သူ႔ဟြန္းဒါး ကားကုမၸဏီကေန ဆီစားသက္သာတဲ့ ကားေသးေသးေလးေတြ စတင္ထုတ္လုပ္ၿပီး အေနာက္ႏိုင္ငံေတြကို တင္ပို႔ေတာ့တယ္။

အေနာက္ႏိုင္ငံေတြကလဲ ဆီစားသက္သာၿပီး ဒီဇိုင္းလွလွေလးေတြနဲ႔ ထုတ္လုပ္ထားတဲ့ ဟြန္းဒါးကားေလးေတြကို ႀကိဳက္ၾကလြန္းလို႔ အလုအယက္မွာၾကတယ္ ဝယ္ၾကတယ္။

ယေန႔… ဟြန္းဒါးေမာ္ေတာ္ကားကုမၸဏီႀကီဟာ ဂ်ပန္ႏိုင္ငံသာမကပဲ အေမရိကန္နဲ႔ဥေရာပႏိုင္ငံေတြမွာပါ ကားထုတ္လုပ္တဲ့ စက္ရံုေပါင္း မ်ားစြာေထာင္ၿပီး အဲဒီစက္ရံုေတြမွာ အလုပ္သမား သိန္းခ်ီလုပ္ကိုင္ ေနၾကပါတယ္။

မိတ္ေဆြတို႔ လုပ္ငန္းတခုခုလုပ္တာ မေအာင္ျမင္လို႔. လက္ေျမာက္အရံႈးေပးခ်င္လာရင္ ဘယ္ေတာ့မွ အရႈံးမေပးတတ္တဲ့ ” ဆိုခ်ီယိုဟြန္းဒါး “ကို သတိရ လိုက္ၾကပါ။

ဟြန္းဒါးရဲ႕ မွတ္သားစရာစကား တခုကေတာ့ … “အာင္ျမင္မႈတစ္ခုမွာ ရႈံးနိမ့့္မႈ႔က ၉၉ ရာခိုင္ႏူန္းပါတယ္”တဲ့။ ဆိုခ်ီယိုဟြန္းဒါးဟာ အသက္၈၅ႏွစ္ အရြယ္ ” ၁၉၉၁ခုႏွစ္ ၾသဂုတ္လ ၅ရက္ေန႔မွာ” ကြယ္လြန္သြားခဲ႔တယ္။

ေမတၱာျဖင့္ ျပန္လည္ မွ်ေ၀ပါသည္။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။