အမေရိကန်က မိတ်ဖက် ဆက်ဆံရေးအတွက် တရုတ်ကို လူရာမသွင်းတော့ပဲ၊ ဥရောပကို လက်ကမ်း

သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်ကို ဘေးဖယ်ထားလိုက်ပြီး အမေရိကန်နှင့် ဥရောပတို့ အနီးကပ်လက်တွဲ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးနှင့် နည်းပညာနယ်ပယ်များအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများအား တရုတ်ကို ပြဌာန်းခွင့်မပြုနိုင်ကြောင်း ပြောကြားသည်။

ဇွန် ၅ ရက်က ဝါရှင်တန်ပို့စ်တွင် ရေးသားသည့် သဘော ထားအမြင်ဆောင်းပါး၌ ကိုရိုနာဗိုင်းရပ်၊ ရာသီဥတုပြဿနာနှင့် တရုတ်နှင့် ရုရှားအစိုးရများ၏ ထိခိုက်စေသည့် လုပ်ရပ်များကြောင့် ဖြစ်ပေါ်ရသည့် စိန်ခေါ်မှုများကိုဖြေရှင်းရန် အမေရိကန်အနေဖြင့် အင်အားကောင်းသည့် အနေအထားမှ ကမ္ဘာကို ဦးဆောင်ရမည်ဟု ဘိုင်ဒင်ကပြောကြားထားသည်။

“ဘရပ်ဆဲလ်ကို ရောက်တဲ့အခါ ကျွန်တော့်အနေနဲ့ ဥရောပကော်မရှင် ဥက္ကဌ၊ ဥရောပကောင်စီ ဥက္ကဌတို့နဲ့ တွေ့ဆုံပြီးကမ္ဘာပေါ်က စိန်ခေါ်မှုတွေကို အမေရိကန်နဲ့ ဥရောပတို့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးသွားပါမယ်။ ဈေးကွက်ဒီမိုကရေစီကို ဖော်ဆောင်ဖို့ အဓိကထားသွားမှာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ နည်းပညာကဏ္ဍအတွက် ၂၁ ရာစုရဲ့ စည်းမျဉ်းတွေကို တရုတ်သို့မဟုတ် အခြားနိုင်ငံတွေကို ရေးဆွဲပြဌာန်းခွင့် ပေးသွားမှာ မဟုတ်ပါဘူး။ တစ်ခုတည်းသော ဥရောပဖြစ်စေရေး ရည်မှန်းချက်၊ လွတ်လပ်ရေး၊ငြိမ်းချမ်းရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု လည်း ဘိုင်ဒင်က ဆောင်းပါးတွင် ရေးသားထားသည်။

“ကိုဗစ်–၁၉ ကပ်ရောဂါ ပြီးဆုံးသွားသည်ဖြစ်စေ၊ ဆိုးရွားလာတဲ့ ရာသီဥတုပြဿနာ ပြေလည်သွားသည်ဖြစ်စေ၊တရုတ်နဲ့ ရုရှားအစိုးရတို့ရဲ့ ထိခိုက်စေတဲ့ လုပ်ရပ်တွေနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ အမေရိကန်အနေနဲ့ အင်အားတောင့်တင်းနဲ့အနေအထားတစ်ခုကနေ ကမ္ဘာကို ဦးဆောင်သွားရပါမယ်” ဟုလည်း ဖော်ပြထားသည်။

ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်‌ရေးတွင် အမြန်ဆုံးလိုအပ်ပြီး အထောက်အပံ့ဖြစ်စေမည့် ရုပ်ပိုင်း၊ ဒစ်ဂျစ်တယ်နှင့်အခြေခံ အဆောက်အဦကဏ္ဍများ တိုးတက်စေရေးအတွက် အဆင့်အတန်းမြင့် နည်းလမ်းများကို ဒီမိုကရေစီနိုင်ငံကြီးများက တရုတ်နိုင်ငံသို့ ပေးသင့်ကြောင်းလည်း ဘိုင်ဒင်က လာမည့်အပတ်တွင် ဗြိတိန်၌ ကျင်းပမည့် ဂျီ–၇ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပြောကြားလိုက်သည်။

အမေရိကန်နှင့် မဟာမိတ်တို့၏ လုံခြုံရေးကို ထိခိုက်စေနိုင်သော တရုတ်စစ်ဘက်နှင့် ထောက်လှမ်းရေးဆိုင်ရာကုမ္ပဏီ ၅၉ ခုတွင် အမေရိကန်မှ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်းအား တားမြစ်သည့် အထူးအမိန့်တစ်ရပ်ကို အိမ်ဖြူတော်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတဘိုင်ဒင်က ယခုကဲ့သို့ မှတ်ချက်များ ပြုလိုက်ခြင်းဖြစ်သည်။

သမ္မဟောင ဒေါ်နယ်ထရမ့်လက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက ကုမ္ပဏီ ၄၄ ခုသာ စာရင်းတွင်ပါ ရှိခဲ့ပြီး ဘိုင်ဒင်လက်ထက်တွင် အရေအတွက် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

———-

သမၼတ ဂ်ိဳးဘိုင္ဒင္က တ႐ုတ္ကို ေဘးဖယ္ထားလိုက္ၿပီး အေမရိကန္ႏွင့္ ဥေရာပတို႔ အနီးကပ္လက္တြဲ အလုပ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ ကုန္သြယ္ေရးႏွင့္ နည္းပညာနယ္ပယ္မ်ားအတြက္ တစ္ကမာၻလုံးဆိုင္ရာ စည္းမ်ဥ္းမ်ားအား တ႐ုတ္ကို ျပဌာန္းခြင့္မျပဳႏိုင္ေၾကာင္း ေျပာၾကားသည္။

ဇြန္ ၅ ရက္က ဝါရွင္တန္ပို႔စ္တြင္ ေရးသားသည့္ သေဘာ ထားအျမင္ေဆာင္းပါး၌ ကို႐ိုနာဗိုင္းရပ္၊ ရာသီဥတုျပႆနာႏွင့္ တ႐ုတ္ႏွင့္ ႐ုရွားအစိုးရမ်ား၏ ထိခိုက္ေစသည့္ လုပ္ရပ္မ်ားေၾကာင့္ ျဖစ္ေပၚရသည့္ စိန္ေခၚမႈမ်ားကိုေျဖရွင္းရန္ အေမရိကန္အေနျဖင့္ အင္အားေကာင္းသည့္ အေနအထားမွ ကမာၻကို ဦးေဆာင္ရမည္ဟု ဘိုင္ဒင္ကေျပာၾကားထားသည္။

“ဘရပ္ဆဲလ္ကို ေရာက္တဲ့အခါ ကြၽန္ေတာ့္အေနနဲ႔ ဥေရာပေကာ္မရွင္ ဥကၠဌ၊ ဥေရာပေကာင္စီ ဥကၠဌတို႔နဲ႔ ေတြ႕ဆုံၿပီးကမာၻေပၚက စိန္ေခၚမႈေတြကို အေမရိကန္နဲ႔ ဥေရာပတို႔ ဘယ္လို ပူးေပါင္းေဆာင္႐ြက္ၾကမလဲဆိုတာ ေဆြးေႏြးသြားပါမယ္။ ေဈးကြက္ဒီမိုကေရစီကို ေဖာ္ေဆာင္ဖို႔ အဓိကထားသြားမွာျဖစ္ၿပီး ကုန္သြယ္ေရးနဲ႔ နည္းပညာက႑အတြက္ ၂၁ ရာစုရဲ႕ စည္းမ်ဥ္းေတြကို တ႐ုတ္သို႔မဟုတ္ အျခားႏိုင္ငံေတြကို ေရးဆြဲျပဌာန္းခြင့္ ေပးသြားမွာ မဟုတ္ပါဘူး။ တစ္ခုတည္းေသာ ဥေရာပျဖစ္ေစေရး ရည္မွန္းခ်က္၊ လြတ္လပ္ေရး၊ၿငိမ္းခ်မ္းေရးတို႔အတြက္ ဆက္လက္ေဆာင္႐ြက္သြားပါမယ္” ဟု လည္း ဘိုင္ဒင္က ေဆာင္းပါးတြင္ ေရးသားထားသည္။

“ကိုဗစ္–၁၉ ကပ္ေရာဂါ ၿပီးဆုံးသြားသည္ျဖစ္ေစ၊ ဆိုး႐ြားလာတဲ့ ရာသီဥတုျပႆနာ ေျပလည္သြားသည္ျဖစ္ေစ၊တ႐ုတ္နဲ႔ ႐ုရွားအစိုးရတို႔ရဲ႕ ထိခိုက္ေစတဲ့ လုပ္ရပ္ေတြနဲ႔ ရင္ဆိုင္ရသည္ျဖစ္ေစ အေမရိကန္အေနနဲ႔ အင္အားေတာင့္တင္းနဲ႔အေနအထားတစ္ခုကေန ကမာၻကို ဦးေဆာင္သြားရပါမယ္” ဟုလည္း ေဖာ္ျပထားသည္။

ကမာၻႀကီး ဖြံ႕ၿဖိဳးတိုးတက္‌ေရးတြင္ အျမန္ဆုံးလိုအပ္ၿပီး အေထာက္အပံ့ျဖစ္ေစမည့္ ႐ုပ္ပိုင္း၊ ဒစ္ဂ်စ္တယ္ႏွင့္အေျခခံ အေဆာက္အဦက႑မ်ား တိုးတက္ေစေရးအတြက္ အဆင့္အတန္းျမင့္ နည္းလမ္းမ်ားကို ဒီမိုကေရစီႏိုင္ငံႀကီးမ်ားက တ႐ုတ္ႏိုင္ငံသို႔ ေပးသင့္ေၾကာင္းလည္း ဘိုင္ဒင္က လာမည့္အပတ္တြင္ ၿဗိတိန္၌ က်င္းပမည့္ ဂ်ီ–၇ထိပ္သီးေဆြးေႏြးပြဲမတိုင္မီ ေျပာၾကားလိုက္သည္။

အေမရိကန္ႏွင့္ မဟာမိတ္တို႔၏ လုံၿခဳံေရးကို ထိခိုက္ေစႏိုင္ေသာ တ႐ုတ္စစ္ဘက္ႏွင့္ ေထာက္လွမ္းေရးဆိုင္ရာကုမၸဏီ ၅၉ ခုတြင္ အေမရိကန္မွ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ျခင္းအား တားျမစ္သည့္ အထူးအမိန႔္တစ္ရပ္ကို အိမ္ျဖဴေတာ္က ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း ထုတ္ျပန္ခဲ့ၿပီးေနာက္ သမၼတဘိုင္ဒင္က ယခုကဲ့သို႔ မွတ္ခ်က္မ်ား ျပဳလိုက္ျခင္းျဖစ္သည္။

သမၼေဟာင ေဒၚနယ္ထရမ့္လက္ထက္ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလအတြင္းက ကုမၸဏီ ၄၄ ခုသာ စာရင္းတြင္ပါ ရွိခဲ့ၿပီး ဘိုင္ဒင္လက္ထက္တြင္ အေရအတြက္ တိုးျမႇင့္လိုက္ျခင္း ျဖစ္သည္။