မိခင်ဖြစ်သူမရှိတော့သည့်အတွက် ထမင်းဖြူလေးနဲ့ ငှက်ပျောပင်ကိုသာ ချက်ပြုတ်စားနေသည့် ညီအစ်မနှစ်ဦး

ဗီယက်နမ်နိုင်ငံမှ အသက်၁၀နှစ်အရွယ် ကောင်မလေးသည်မိဘနှစ်ပါးလုံးမှာလက်လုပ်လက်စားသမားတွေဖြစ်ကြပြီးတောင်အောက်ဒေသတွင် တဲလေးထိုးကာ နေထိုင်ခဲ့ကြသည်။

သို့သော်လည်းဖခင်ဖြစ်သူမှာကျန်းမာရေးမကောင်းသည့်အတွက်အလုပ်မလုပ်နိုင်ချိန်မှာတော့မိခင်ဖြစ်သူတစ်ယောက်တည်းစားဝတ်နေရေးအတွက် ရှာဖွေကျွေးခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မိခင်ဖြစ်သူမှာပင်ပန်းဆင်းရဲခြင်းကိုစိတ်ကုန်ကာနောက်အိမ်ထောင်ပြုသွား၍တဲထဲတွင်ဖခင်ဖြစ်သူနှင့်အတူကလေးလေးနှစ်ယောက်သာ ကျန်ရစ်ခဲ့ရသည်။

ပတ်ဝန်းကျင်မှကလေးနှစ်ယောက်ကိုသနားလွန်း၍ဆန်နှင့်စားစရာအချို့ပေးဝေခဲ့သော်လည်းနေ့စဉ်နေ့တိုင်းဖြစ်သည့်အတွက်ကြောင့်မည်သူကမှမတတ်နိုင်တော့သည့်အခါ ကလေးနှစ်ယောက်မှာ ထမင်းဖြူနဲ့ ငှက်ပျောပင်ကိုချက်ပြုတ်စားခဲ့ရသည့်အတွက် လူမှုကွန်ယက်တွင် အကူအညီတောင်း မျှဝေခဲ့သည်။

Hlaing (Love Feeling)

Zawgyi





Hlaing (Love Feeling)