သဘာဝဟင်းခပ်မှုန့်လေးကိုယ်တိုင်လုပ်ကြမယ်ချစ်တို့ရေ့တကယ်ချိုပါတယ်ဆား၊သကြားဘာဆိုဘာမှမထည့်ပဲငါးနဲ့ကြက်သွန်နီရဲ့သဘာဝအချိုကိုယူထားပါတယ်ဒီနေ့ချက်တဲ့ဟင်းထဲခပ်ကြည့်တာအဆင်ပြေလို့ဝမ်းသာပီတိ လဲဖြစ်ရတယ် ပြုလုပ်နည်းကလဲလွယ်ကူလို့ချစ်ရတဲ့အိမ်ရှင်မတွေအတွတ်မျှဝေပေးလိုက်ပါတယ်ရှင်မင်္ဂလာနေ့လယ်ခင်းပါ ငါးရွှေငါးနဲ့ပြုလုပ်ထားတဲ့သဘာဝဟင်းခပ်မှုန့်ပါရှင်ပုံမှန်ချက်နေကျဟင်းတွေအတွတ်ငါးအသားမှုန့်နဲ့ ဟင်းခါးတွေထမင်းကြော်တွေငရုတ်ကောင်းပါတဲ့ဟင်းလျာတွေ အတွတ်ငရုတ်ကောင်းပါဝင်တဲ့ထမင်းကြော်တွေငရုတ်ကောင်းပါတဲ့ဟင်းလျာတွေ အတွတ်ငရုတ်ကောင်းပါဝင်တဲ့သဘာဝငါးအသားမှုန့်ပါရှင်ငါးရွှေငါးကိုသုံးထားပါတယ် အချိုမှုန့်အစားထိုးသုံးမှာမို့ငါးကိုအချိုလေးတဲ့အညှီနံ့ကင်းတဲ့သဘာဝငါးတွေအသုံးပြုစေချင်ပါတယ်ပထမတော့ပလာတူး(ငါးသေတ္တာ)ငါးကိုအသုံးပြုဖို့စဉ်းစားပါတယ် ငါးသေတ္တာငါးကအညှီလဲကင်းသလိုအရမ်းလဲချိုပါတယ်ဒါပေမယ့်အဲ့ဒီ့ငါးတွေကသွေးလေးစေတတ်လို့ငါးရွှေငါးကိုအသုံးပြုထားပါတယ် ဒီငါးရွှေငါးတစ်ကောင်ကို၁၅၀၀၀ပေးရပါတယ်၈၀သါးအကောင်လောက်ရှိပါတယ် အဓိကလတ်ဆတ်ဖို့လိုပါတယ် အနံ့မကောင်းတဲ့ငါးဆိုရင်ညှီနံပြင်းလွန်းပါမယ်ငါးကိုစိတ်ကြိုက်တုံးတစ်လို့ရပါတယ် ပန်းခရေကတော့အကျက်မြန်အောင်လွှာထားပါတယ်ရေနွေးပွက်ပွက်ဆူအောင်တည်ပါ ရေနွေးဆူလာရင် ငါးတွေကိုဇကာနဲ့ထည့်ပေါင်းပါရှင် ပြုပ်လဲရပါတယ် ပေါင်းထားတဲ့ငါးတွေကျက်ပြီဆိုရင်တော့အရိုးနဲ့အရေခွံဖယ်ပြီးအသားတွေကိုချေထားပါ သဘာဝဟင်းခပ်မှုန့်ကိုပိုလို့မှချိုအောင်လို့ကြက်သွန်နီကိုလဲသုံးပါမယ် ကြက်သွန်နီဥကြီးကြီး၁၀လုံးကိုလေးစိပ်ထိုးထားပါ ကြက်သွန်ဖြူဗမာဥ၅ကျပ်သားကိုလဲကြက်သွန်ဖြူတစ်တက်ကို၂ခြမ်းခြမ်းထားပါပြီးရင်တော့အခြောက်ခံပါမယ်ရှင် ဒီနေရာမှာပန်းခရေရှင်းပြချင်တာလေးရှိပါတယ် အခြောက်ခံတာကိုစက်ရှိမှခြောက်လို့ရတာမဟုတ်ပါဘူးရှင် နေပူပူမှာအခြောက်ခံလဲရပါတယ် မီးသွေးနဲ့ချက်တဲ့သူဆိုနောက်ဆုံးကျန်တဲ့မီးငွေ့ငွေ့နဲ့ဗန်းကြီးကြီးထဲထည့်တင်ထားလို့လဲရပါတယ် Ovenရှိရင်လဲမီးအားအနည်းဆုံးနဲ့အခြောက်ခံလို့ရပါတယ် […]