နှာပိတ်တာကိုခံစားရတဲ့လူတိုင်းဒီခံစားချက်ကိုပျောက်ချင်ကြမှာပဲ။ဘယ်လိုမျိုးမြန်မြန်ဆန်ဆန်ပျောက်သွားအောင်လုပ်မလဲဆိုတဲ့အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။ ၆-သင့်မျက်ခုံးနှစ်ခုကြားကနေရာကိုနှိပ်ပေးပါ ဖြည်းဖြည်းလေးနဲ့ ယုံကြည်ချက်ရှိရှိ တစ်မိနစ်လောက်ကြာအောင်နှိပ်ပါ။ဒီနှိပ်နယ်မှုက သင့်ရဲ့နှာရည်အပေါ်ဒီလိုသက်ရောက်မှုရှိနေပါတယ်။ -သင့်နှာရည်တွေက နှာခေါင်းမှာခြောက်သွေ့တာကိုတားဆီးခြင်း -ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိခြင်း -အရှေ့ကြွက်သားတွေကို ဖိအားဖယ်ရှားပေးနိုင်ပါတယ်။ ၅-သင့်နှာရိုးကိုဖိနှိပ်ပေးပါ သင့်နှာခေါင်းတစ်ဖက်တစ်ချက်ကို သင့်လက်ညှိုး၊ လက်ခလယ်နဲ့ ၁-၂မိနစ်လော်ကြာအောင်ဖြည်းဖြည်းချင်းတွန်းပေးပါ။ဒီလိုလုပ်ပေးလိုက်ရင်သင့်နှာခေါင်းဝင်ထွက်ပေါက်ကိုပွင့်ဖို့ကူညီပေးမှာြ ဖစ်ပြီး သင့်နှာခေါင်းကလွယ်လွယ်လေးနဲ့ပွင့်သွားမှာဖြစ်ပါတယ်။ ၄-သင့်နှာခေါင်းနဲ့နှုတ်ခမ်းကြားနေရာကိုနှိပ်နယ်ပေးပါ သင့်အပေါ်နှုတ်ခမ်းနဲ့နှာခေါင်းကြားနေရာကို ၂-၃မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။ဒီနည်းလမ်းက သင့်နှာခေါင်းကိုပွင့်ဖို့ကူညီပေးသွားမှာဖြစ်ပါတယ်။ ၃-လေထုအစိုစက်ကိုသုံးပါ။ လေထုအစိုဓာတ်က […]