
ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီး၏ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ အဆုံးအမဩဝါဒ
(၁)လူ့လောကမှာ ဖြစ်ပေါ်လာတတ်တဲ့ဘေးဆိုးကပ်ဆိုးမှန်သမျှ ကိုယ့်ကံကြောင့်ပဲဖြစ်ဖြစ်၊ သူ့ကံကြောင့်ပဲဖြစ်ဖြစ်၊ အားလုံးရဲ့ကံကြောင့်ပဲဖြစ်ဖြစ် (ကံကြီးသူ၊ဉာဏ်ကြီးသူအချို့မှအပ) အားလုံးခံကြရတယ်။ (၂)ကိုယ့်ရဲ့ကုသိုလ်ကံက အင်အားမကောင်းဘူးဆိုရင်ဘေးဆိုး ကပ်ဆိုးကိုမတွန်းလှန်နိုင်ဘူး။ မီးအားကောင်းနေရင် ပက်တဲ့ရေသာ ခန်းသွားမယ်၊ မီးမငြိမ်းဘူး။ (၃)ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုသလိုများရာက အားသာမှာပါ။ကောင်းကံ ဆိုးကံဆ်ိုတာ ရေနဲ့မီး လိုပါပဲ။ (၄)ကံတရားရဲ့သဘာဝကို စဉ်းစားနိုင်ရန်လယ်တီဆရာတော်ရေး […]