ရန်ကုန်အင်းစိန်မြို့ပတ်ရထားပေါ်တွင်မီးရထားစောင့်ရဲများအသတ်ခံရမှုသည်မိမိနှင့်လုံးဝမသက်ဆိုင်သလိုပျူစောထီးအဖွဲ့ခေါင်းဆောင်လည်းမဟုတ်ဟုအဆို တော် ယုန်လေးကတုန့်ပြန်ဖြေရှင်းချက်ပေးသည်။ ယုန်လေး၏ရှင်းလင်းချက် ကျွန်တော်မိုက်မိုက်ရိုင်းရိုင်းပြောချင်ပေမယ့်နှုတ်ကပြောမထွက်ဘူး၊ကျွန်တော့ကိုသီးသန့်လိုက်ဒုက္ခပေးနေကြတယ်၊စစ်ကောင်စီကိုထောက်ခံမိတာနဲ့ကျွန်တော့ဘဝဒလံဖြစ်လိုက်ပျူစောထီးဖြစ်လိုက်နဲ့အမျိုးမျိုးတိုက်ခိုက်တာခံရတယ်။ ဒလံလို့အပြောခံရပြီးမကြာဘူးကျွန်တော့ကားကိုမီးရှို့ခံလိုက်ရတယ်၊အခုလည်းပျူစောထီးခေါင်းဆောင်လို့မဟုတ်တာတွေရေးတင်ကြတယ်၊ အခုမနက်အိမ်ကိုရဲတွေလာပြီးကျွန်တော့ကို လာရှာကြတယ်၊ သက်သက်မဲ့ အထုအရိုက်ခံရအောင်လုပ်ကြတယ်ဗျာ၊အဲ့ဒီသတင်းတက်လာတာတွေ့ကတည်းက မအေဠိုးတွေပေါက်ကရဖွပြန်ပြီလို့စိတ်ကတွေးပြီး သူငယ်ချင်းတွေအိမ်မှာသွားနေလိုက်တယ်၊ ထင်တဲ့အတိုင်းပါပဲ ကျွန်တော့်မိသားစုအိမ်လာဝိုင်းတာခံရတော့တာပါပဲ၊ဖေ့စ်ဘုတ်ပေါ်မှာ ဖင်ယားနေတဲ့မအေဠိုးတွေကိုတစ်ခုပြောချင်တယ်……သိပ်အားနေရင်ကိုယ့်ကြိုးကိုယ်ဆွဲနေကြ၊မင်းတို့အမေ့လင်ကိုလာဆွဲဆွဲထည့်မနေကြနဲ့” အထက်ပါ အကြောင်းအရာတွေကတော့ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးရဲ့ သူရဲ့ ဖေ့ဘွတ်စာမျက်နာမှာ ဖော်ပြထားတာကို ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ […]