
ဆောင်းတွင်းပိုင်းမှာ ဂရုစိုက်သင့်တဲ့ ရောဂါများ
၁။ နှလုံးရောဂါ နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။ အေးတဲ့အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေစုပ်ထုတ်ရာမှာ အခက်အခဲဖြစ်စေပါတယ်။ ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါအခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်းမနက်စောစော လမ်းထလျှောက်မယ်ဆိုရင် နေစထွက်ချိန်မှ လျှောက်တာ ပိုမိုသင့်လျော်ပြီး၊ မနက်စာကိုလည်း တနင့်တပိုး မစားသင့်ပါဘူး။ […]